အမှန်တရား သိချိန်ရောက်နေပါပြီ ညီနောင်တို့။

msa
By April 28, 2014 16:54

အက်မ်အက်စ် အာန်ဝါရ်

အင်္ဂါနေ့၊ ၂၉-၄-၂၀၁၄

rvisiontv.com

တကယ်တော့ ဗမာ-ရခိုင် နိုင်ငံရေးသမားတွေနဲ့ ရိုဟင်ဂျာ နိုင်ငံရေးသမားတွေ အနှစ်အရသာအားဖြင့် အတူတူပါဘဲ။ ဗမာ-ရခိုင် နိုင်ငံရေးသမားတွေက အမှန်တရားကို ဖုံးကွယ်ပြီး အများအကြိုက်လိုက်ပြောတတ်သလို ရိုဟင်ဂျာ နိုင်ငံရေးသမားတွေ၊ လူအခွင့် အရေးလှုပ်ရှားသူတွေလည်း အများအကြိုက်ပြော၊ ဖွကြ၊ လူတွေကိုမြှောက်ပေးကြ တာပါဘဲ။ ဥပမာပြောရရင်- သမ်မတ ဦးသိန်းစိန် မကြာခင်နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်ရမယ်၊ မြန်မာအစိုးရခေတ်ကုန်နေပြီ၊ ယူအက်စ်က ညာလုပ်ပေးမယ်၊ ဘာလုပ်ပေးမယ်၊ စသဖြင့်ပါ။ အမှန်တရားကို အရိက်အမြွက်နဲ့တောင်မှ ပြည်သူတွေကို မပြောပြကြဘူး။ သူတို့ကိုယ်တိုင်အခြေ အနေမှန်ကိုသိပြီးမှအဲသလိုလုပ်တာလား၊ မသိဘဲနဲ့လုပ်တာလားဆိုတာ ကျွှန်ုပ်မပြောတတ်ပါဘူး။

အမြဲတမ်း False Information Feeding လို့ခေါ်တဲ့ သတင်းအမှားတွေကို ပြောပြပြီး ဘယ်တော့မှဖြစ်မလာမယ့် မျှော်လင့်ချက် အမှားတွေကိုပေးကြတာပါဘဲ။ ပိုဆိုးတာက အဲသလို ဖွကြတာတွေရော၊ အမှားတရားတွေကိုပါ ကျွှန်ုပ်တို့သာမန်ပြည်သူတွေ အနေနဲ့ အမှန်တရားဟု ယူဆပြီး ပျော်ရွှင်ကြည်းနူးကြပါတယ်။ ကိုယ့်မှာရှိတဲ့ အသိဥာဏ်ကို ဘယ်တော့မှ သုံးဖို့မကြိုးစားကြဘူး။ အမှန်တရားဟာ ခါးသီးတာမို့လို့ ကြားလည်းမကြားချင်ကြပါဘူး။ လွယ်လွယ်ကူကူနဲ့ ထွက်ပေါက်ကိုလိုချင်ကြတယ်။

တစ်ခုခုဖြစ်မယ်ဆိုရင် အိုဘားမားဆီသွားပြီး လက်အုပ်ချီကြ။ အိုဘားမားကလည်း မြန်မာနိုင်ငံကို သတိပေး၊ ယူကေက မြန်မာသံအမတ်ကို သတိထောက်သ၀ဏ်လွှာပို့ပေး- စတာတွေကြည့်ပြီး သူတို့အပေါ် မဟာမျှော်လင့်ချက်တွေထားကြပါတယ်။ ၂နှစ် ရှိသွားပြီး။ ကျွှန်ုပ်တို့ မျှော်လင့်ချက်တွေ ပြည့်လာလား၊ ကျွှန်ုပ်တို့ အခြေအနေတွေ ပိုးဆိုးလာလား ဆိုတာ သိဖို့ခက်မှာ မဟုတ်ပါဘူး။

ယူကေ၊ ယူအက်စ်တို့က ကျွှန်ုပ်တို့အတွက် လုပ်ပေးနေတာတွေအတွက် သိပ်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူတို့လုပ်ပေးနေ တာတွေ စိတ်ရင်းစေတနာနဲ့ ကျွှန်ုပ်တို့ကို ကူညီကြတာလား၊ ကျွှန်ုပ်တို့ဆီကတစ်ခုခုအမြတ်ထုတ်ချင်ကြလို့လား၊ ဒါမှမဟုတ်ရင် သူတို့ကိုယ်တိုင်နောက်ကွယ်ကနေ ကျွှန်ုပ်တို့ရဲ့ ဆိုးရွားနေတဲ့ အခြေအနေမှာ ၀င်ရှုပ်နေကြလား၊ တစ်စိတ်ကိုတစ်အိတ်ဖြစ် လာအောင် ရခိုင်တွေကိုလည်းနောက်ကွယ်ကနေအားပေး၊ ကျွှန်ုပ်တို့ကိုလည်း သနားကြင်နာသလိုလို လုပ်နေသလား၊ Double Game ကစားနေသလား ဆိုတာ သိဖို့အရေးကြီး ပါတယ်။ ယူကေ၊ ယူအက်စ်တို့ရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ Double Standard ခေါ်တဲ့ အပြောနဲ့အလုပ်မညီဘူး ဆိုတာ လူတိုင်းသိပါတယ်။ မကြာသေးခင်က ရခိုင် FB တစ်ခုက “ကျွှန်ုပ်တို့ US၊ INDIA၊ CHINA စတဲ့နိုင်ငံတစ်ခုခုရဲ့ အကူအညီ ကိုယူပြီး အာရ်ကာန်ဒေသကို မြန်မာနိုင်ငံကနေခွဲထွက်ပြီး သီးခြား ရခိုင်နိုင်ငံအဖြစ်ထူထောင်ရမယ်”ဆိုပြီးဖွလိုက်တယ်။ အဲဒါဖွတာ သက်သာဖြစ်ပေမယ့်လည်း အကြောင်းရှိရှိ၊ ရည်ရွယ်ချက်ရှိရှိ ဖွလိုက်တာပါ။ ကြိုပြီး လမ်းခင်းနေကြတာပါ။

အဲဒါကြောင့် ဘယ်သူဘယ်ဝါကဘာဘဲ ဖွဖွ အမှန်တရားဟုမယူဆလိုက်ကြပါနဲ့။ အမှန်တရားကိုသိလာအောင် များများလေ့လာ ကြပါ။
May Allah bless you all with knowledge and right opinions!!

ဆောင်းပါးရှင်၏အာဘော်သာ ဖြစ်သည်။

Comments

comments

msa
By April 28, 2014 16:54

Follow me on Twitter

Facebook

18 hours ago

WATCH: #Rohingya Daily News 17 August 2017
https://youtu.be/fXcM7pFH6sg

LIKE
LOVE
HAHA
WOW
SAD
ANGRY
« 1 of 1009 »

Subscribe with us