အမှတ် ၅၅၁ တပ်ရင်းမှ ဗိုလ်ကြီးဖြိုးစည်သူ ရိုဟင်ဂျာနှစ်ဦးကို မတရားဖမ်းဆီးငွေညှစ်

msa
By May 4, 2014 06:05

မောင်စောလှိုင်သိန်း၊ Sallam Oic Group

မေလ ၂ရက်၊ ၂၀၁၄၊ သောကြာနေ့

Rvisiontv.com

Rathedaung Jetty (Photo: stateless.com)

ရသေ့တောင်မြို့နယ် ဆိတ်ကမ်းတစ်နေရာ။

ရသေ့တောင်။ ။  ရသေ့တောင်မြို့နယ်၊ အမှတ် ၅၅၁ ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးဖြိုးစည်သူသည် ရသေ့တောင်ဒေသခံ အနောက်ပြင်ကျေးရွာမှ ရိုဟင်ဂျာ ၂ ဦးအား ၂၈ ဧပြီ ၂၀၁၄ နေ့ မှာ အကြောင်းမဲ့ ဖမ်းဆီး ခဲ့သည်။  ထို ရိုဟင်ဂျာ ၂ ဦးအား လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့ပြီး ပြန်လွတ်ပေးရန် ကျပ်ငွေ (၁) သိန်း ညှစ်ယူ ခဲ့သည်။ ထိုဗိုလ်ကြီးမှ ဤကဲ့သို့လုပ်ဆောင်ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောကြသည်။

“ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်ပွါးပြီးနောက် ရိုဟင်ဂျာတိုင်းရင်းသားလူနည်းစုများသည် အဘက်ဘက် မှပိတ်မိခံနေရပြီး ဒုက္ခ မျိုးစုံနှင့်ရင်ဆိုင်နေကြရသည်။ သို့ဖြစ်ပါ၍ ရသေ့တောင်နေ ဒေသခံ ရိုဟင်ဂျာများ၏ ဘဝရပ်တည်ရေး စီးပွားရေးလုပ်ငန်းများလည်း ပိတ်ပင်၊ ဖြတ်တောက်ခြင်း ခံခဲ့ကြရပါသည်။ ထို့အပြင် သစ်တောများထဲသို့ ၀င်ရောက် ထင်းခွေခွင့်မရ၍ လောင်စာပြဿနာနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ထို့ကြောင့်၊ ၂၈ ဧပြီ ၂၀၁၄ ရက် နေ့လည် ၁၂နာရီမှာ အနောက်ပြင်ကျေးရွာမှ ရိုဟင်ဂျာ ရွာသား ၂ဦးသည် လောင်စာ အဖြစ်အသုံးပြုရန် နွားချေးခြောက်များရှာဖွေရန်အလို့ငှာ လယ်ကွင်းထဲသို့ ထွက်လာစဉ် အမှတ် ၅၅၁ ခြေလျင် တပ်ရင်းမှ ဒေသလုံခြုံရေးတာဝန်ခံ ဗိုလ်ကြီးဖြိုးစည်သူသည် သူတို့ ၂ဦးအား အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ သူသည် ၄င်းတို့ ၂ဦးအား လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့ပြီး လွှတ်ပေးရေးအတွက် ကျပ်ငွေ ၁သိန်း တောင်းဆိုခဲ့သည်။ ငွေ ထို့ကြောင့် ရွာသူ/သားများမှ စုပေါင်းကောက်ခံပြီး ငွေကျပ် ၁သိန်း ပေးလျော်ခဲ့ရကြောင်း” ဒေသခံတစ်ဦးကကပြောပါသည်။

၎င်းစစ်တပ်ဗိုလ်ကြီး၏ ညှင်းပန်းနှိပ်စက်ခံရသော ရိုဟင်ဂျာနှစ်ဦးမှာ-

၁)         ဦးအဗ္ဗဒူရ် ရာမာန် အသက် ၄၂၊ (ဘ) မိုတရ် အာမက်ဒ်

၂)         ဟာလီဘီ အသက် ၃၈၊ (ဘ) ဦး အဗ္ဗဒူရ် မာဂျစ်ဒ် တို့ဖြစ်ပါသည်။

ထိုဗိုလ်ကြီးသည် လူတွေကို ထင်သလိုဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး၊ လွှတ်ပေးဖို့အတွက်ခြိမ်းခြောက်၍ ငွေညှစ်နေသည်။

Comments

comments

msa
By May 4, 2014 06:05

Follow me on Twitter

Facebook

15 hours ago
ရသေ့တောင်မြို့နယ် ပန်းကိုင်းကျေးရွာရှိ ဒုက္ခသည် စခန်းသို့ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့

ရသေ့တောင်မြို့နယ် ပန်းကိုင်းကျေးရွာရှိ ဒုက္ခသည် စခန်းသို့ စစ်တပ်နှင့် ... See more

RVision TV News ၂၃ . ၀၈ . ၂၀၁၇ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ... See more

LIKE
LOVE
HAHA
WOW
SAD
ANGRY
« 1 of 1029 »

Subscribe with us