Press "Enter" to skip to content

NVC ကြောင့် ရိုဟင်ဂျာတို့ဧ။် နေ့စဉ်သွားလာ လှုပ်ရှားမှု ကန့်သတ်ခံရ

မောင်တောမြို့။       ။ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းတွင် မင်္ဂလာကြီးကျေးရွာနှင့်သရက်အိုကျေးရွာတို့ အကြားရှိ ကူးတို့ချောင်းကို လှေဖြင့်ဖြတ်၍ သရက်အိုကျေးရွာတွင် နေထိုင်သောရိုဟင်ဂျာများက ကျောက်လှေကားဈေးသို့ သွားရောက် ဈေးဝယ်ကြသလို ပစ္စည်းများကိုနေစဉ်ရောင်းချရန်သွားလာသူများလည်း ရှိကြပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ပြီး နယ်မြေ (၆) ကျောက်လှေကား နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးက ၄င်းချောင်းအနီးတွင်ရှိသော မင်္ဂလာကြီးကျေးရွာတွင် ကင်းစခန်းတစ်ခု ထားရှိခဲ့ပါတယ်။ ကူးတို့ချောင်းကို နေ့ချင်းပြန် ဖြတ်သန်း သွားလာနေကြသော ရိုဟင်ဂျာများထံမှ ထိုကင်းစခန်း တာဝန်ရှိသူများက NVC ကဒ် သို့မဟုတ်  ရွာထွက်လက်မှတ် တောင်းခံခြင်းများ ပြုလုပ်နေသဖြင့် လူအများ လွယ်ကူစွာ ဖြတ်သန်းသွားလာခွင့် မရကြတဲ့အပြင် NVC ကဒ်မပြနိုင်သူများကို ငွေညှစ်ခြင်းများပြုလုပ်ခြင်း ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံကာ ဖြတ်သန်းသွားလာခွင့် မပြုပဲ ပြန်ခိုင်းခြင်းများ ပြုလုပ်နေကြောင်း သိရပါတယ်။

အဆိုပါကင်းစခန်းကြောင့် သရက်အုတ်ကျေးရွာသားများ၏ နေစဉ် အသက်မွေးဝမ်းကြောင်းပြုနေသူများအတွက် အလွန်မှ ဆုံးရှုံးနှစ်နာမှုများ ရှိနေတဲ့အပြင် ကျန်းမာရေး ကိစ္စဖြင့်ရက်ချင်းပြန် သွားလာသူများ ဆေးကုသမှုခံယူရန် သွားလာမှု အတွက်လည်းပဲ လွန်စွာမှ ခက်ခဲနေကြာင်းကိုဒေသခံတစ်ဦးက ပြောဆိုခဲ့ပါသည်။

အင်အားနည်း ရိုဟင်ဂျာ လူမျိုးစုများသည် မိမိတို့မွေဖွားရာ နိုင်ငံတွင်းသို့လွှတ်လပ်စွာ သွားလာခွင့် မရှိသည့်အပြင် အမြဲနေထိုင်ရာ ကျေးရွာမှ နီးစပ်ရာ ကျေးရွာများသို့ သွားလာမှုများကိုပင် ပိတ်ပင်တားဆီး နေသည်မှာလည်း ယနေ့တိုင်ပဲ ဖြစ်ပါတယ်။ အတင်းအဓမ္မ ခိုးဝင်သူများဟု စွပ်စွဲခြင်းများ ပြုလုပ်နေသည့်အပြင် မိမိတို့နှင့် မည်သို့မျှမသက်ဆိုင်သော NVC ကဒ်ကို မယူမနေရဖြစ်အောင် အဘက်ဘက်မှ ဖိနှိပ် ချုပ်ချယ်ခြင်းတွေ ဆက်တိုက် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုကို ရင်ဆိုင်ခဲ့ရသော ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူမျိုးများ တစ်သန်းနီးပါးခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ အပြီးမှာ  ကျန်ရှိနေခဲ့တဲ့ အနည်းငယ်သော ရိုဟင်ဂျာ လူမျိုးစုတို့ဟာလည်း နေ့စဉ်နဲ့အမျှ အခက်ခဲမျိုးစုံကို ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.