Press "Enter" to skip to content

NVC ကဒ် အတွက် စွဲတင်စစ်ပြန်စတော့မည်ဟု သက်ဆိုင်ရာမှ အကြောင်းကြား

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း၊ ညောင်ချောင်းနယ်မြေပိုင် ကျေးရွာအုပ်စုများတွင် ဒီဇင်ဘာလ ၂၅ရက်နေ့မှစပြီး ဆွဲတင်စစ် ပြုလုပ်တော့မည်ဟု အုပ်ချုပ်ရေးမှူးများအား နယ်မြေအစည်းဝေး ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

ယခင်ကလည်း မောင်တောမြို့နယ်တွင်းရှိ ရိုဟင်ဂျာလူမျိုးတို့၏ တစ်နေ့တာ သွားလာလှုပ်ရှားမှုများကို NVC ကဒ် အကြောင်းပြကာ ပိတ်ပင်တားစီးမှုများပြုလုပ်သည့်အပြင် ခြိမ်းခြောက် ငွေညှစ်ခြင်းများ၊ ရိုင်းစိုင်းစွာပြုမူဆက်ဆံခြင်းများလည်း ပြုလုပ်ခဲ့ပါတယ်။ ရိုဟင်ဂျာလူမျိုးစုများ ကျန်းမာရေးကြောင့် နီးစပ်ရာကျေးရွာသို့ ဆေးကုသမှုခံယူရန် သွားလာခြင်းကိုမူ NVC ကဒ် အကြောင်းပြကာ ဟန့်တားနေခြင်းသည် မြန်မာအစိုးရ၏ လူသားချင်းစာနာ ထောက်ထားမှု မရှိခြင်းကို ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။

ထိုကဲ့သို့ ရိုဟင်ဂျာလူမျိုးတို့၏ သွားလာရေးများကို NVC ကဒ်အကြောင်းပြကာ ဟန့်တားမှုများ ပြုလုပ်နေသည်မှာလည်း အချိန်အတိုင်းတာ တစ်ခုအထိ ရှိနေပြီဖြစ်သည့်အပြင် ယခုစွဲတင်စစ် ပြုလုပ်မည်ဟု အကြောင်းကြားလာခြင်းသည် ရိုဟင်ဂျာတို့ ရသင့်ရထိုက်သည့် အခွင့်ရေးများကို ထပ်မံကြပ်တည်းအောင် ပြုလုပ်ရန်သာ ဖြစ်သည်။

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ ဒုက္ခသည်စခန်းတွင် နေထိုင်ကြရသော ရိုဟင်ဂျာလူနည်းစုများကို မြန်မာနိုင်ငံတွင်း ပြန်လည်နေရာချထား ပေးမည်ဟု ပြောဆိုကာ ထိုသူတို့နှင့်မည်သို့မျှ မသက်ဆိုင်သော NVC ကဒ်ကိုသာ ပေးမည်ဟု သတ်မှတ်ထားခြင်းသည် ရိုဟင်ဂျာလူမျိုးတို့အား ပြန်မလာစေရန် ရည်ရွယ်ခြင်း သက်သက်သာ ဖြစ်ပေသည်။

အင်အားနည်း ရိုဟင်ဂျာ လူမျိုးစုများသည် မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်ခြင်း မခံရသည့်အပြင် မြန်မာအစိုးရမှ အတင်းအဓမ္မ NVC ကဒ်များ ပေးနေခြင်းမှာ ထိုသူတို့၏ ရသင့်ရထိုက်သည့် အခွင့်ရေးများကို အာဏာသုံးကာ ချိုးဖောက်နေခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ကျန်ရှိနေခဲ့သော ရိုဟင်ဂျာလူမျိုးတို့အား ယခုလို ပိတ်လှောင်ကာ လူ့အခွင့်ရေး ချိုးဖောက်ခြင်းများ ပြုလုပ်နေခြင်းသည် ထိုသူတို့အား မြန်မာနိုင်ငံတွင်း မနေနိုင်ပဲ ထွက်ပြေး တိမ်းရှောင်သွားကြရန် ကြံစည် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.