Press "Enter" to skip to content

NVC ကဒ်အတွက် စွဲ/တင်/စစ် စတင်ကာ ငွေညှစ်မှုများပြုလုပ်နေ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ တောင်ပိုင်းတွင် ဆွဲတင်စစ် ပြုလုပ်တော့မည်ဟု အုပ်ချုပ်ရေးမှူးများအား နယ်မြေ အစည်းဝေးခေါ်ယူ ဆွေးနွေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၆ရက်မှစ၍ သပိတ်တောင် ကျေးရွာအုပ်စုတွင် စွဲ/တင်/စစ် စတင်ပြုလုပ်လျက် ရှိနေကြောင်း ဒေသခံများမှ ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာလူမျိုးတို့၏ နေထိုင် သွားလာလှုပ်ရှားမှုများ အားလုံးကို NVC ကဒ် အကြောင်းပြကာ ပိတ်ပင် တားစီးမှုတွေ ပြုလုပ်နေသည့်အပြင် ခြိမ်းခြောက် ငွေညှစ်ခြင်းများ နေ့စဉ်ပြုလုပ်လျက် ရှိပါတယ်။ ဆွဲ/တင်​/ စစ်​ ပြုလုပ်​ရာတွင်​ နေထိုင်စားသောက်​စရိတ် အကြောင်းပြကာ​ အိမ်​​ထောင်​စု တစ်​စုလျင်​ ငွေကျပ်၂၅၀၀ နှုန်းထား ​ကောက်​ခံ​လျက် ရှိနေ​ပါတယ်။ 

ထို့​နောက်​ ရပ်သူရွာသားများ ကျေးရွာနေရပ် အ​ပြောင်းအ​ရွှေ့များ ပြုလုပ်​လိုလျင်​ အုပ်​စုတွင်းသာ ပြုလုပ်​​ပေး​လျက်ရှိပြီး ရိုဟင်ဂျာလူငယ်များ အရွယ်ရောက် ထိမ်းမြားလက်​ထပ်​ခြင်းအတွက်​ အုပ်​ချုပ်​​ရေးမှူးကို ငွေကျပ် လေးသောင်းမှ ခြောက်သောင်းအထိ ပေးဆောင်နေရ၍ လက်ထပ်ထိမ်းမြားပြီး နေရပ်​ပြောင်း​ရွှေ့ရန် ထောက်​ခံချက်​အတွက်​ ငွေကျပ်တစ်သောင်းမှ နှစ်သောင်းထိ ပေးဆောင်ရသည့်အပြင် နယ်​ခြား​စောင့်​ရဲတပ်ဖွဲ့ကိုလည်း ငွေကျပ် နှစ်သောင်းမှ သုံးသောင်းထိပေးဆောင်ရကာ ​စုစု​ပေါင်း ငွေကျပ် ရှစ်​သောင်း​မှ တစ်သိန်းကျော်ထိ​​ ပေး​နေ​ရ​ကြောင်း သိရှိရပါတယ်​။

အိမ်​​ထောင်​စုစာရင်းတွင် က​လေး​မွေးတိုး ထည့်သွင်း​​ပေးရန်​ အုပ်​ချုပ်​​ရေးမူး​ ထောက်​ခံချက်​အတွက်​ ကလေးတစ်ဦးလျင်  ငွေကျပ်ငါးထောင် မှ တစ်သောင်းကျပ်ထိ ပေးဆောင်ရပြီး ကျန်းမာ​ရေး​ထောက်​ခံချက်ရယူရန် တစ်ဦးလျင်​ ငွေကျပ်တစ်ထောင်၊ နယ်​ခြား​စောင့်ရဲတပ်ဖွဲ့ဝင်များကိုပင် ငွေကျပ်တစ်သောင်း​မှ တစ်သောင်းခွဲထိ ပေးဆောင်ရကာ​ စုစု​ပေါင်း ငွေကျပ် သုံးသောင်း​ကျော်​အထိ ​ကောက်​ခံ​နေ​ကြောင်း သတင်းပေးပို့ထားပါတယ်​။

ရိုဟင်ဂျာများဧ။် သွားလာရေးကို ခက်ခဲစေရန် တမင်ရည်ရွယ်ကာ ယခုကဲ့သို့ ပြုမူနေခြင်းကြောင့် အလုပ်အကိုင်များ လုပ်ကိုင်ရန် အခက်အခဲ ကြုံလာရပြီး နေ့စဉ်နေထိုင်စားသောက်မှုအတွက်ပင် မလွယ်ကူတော့ပေ။ လက်ထပ်ထိမ်းမြားပြီးသူများအတွက် မိမိဧ။်ဇနီးကို နေရပ်အပြောင်းရွှေ့ပြုလုပ်ရန် ခက်ခဲမှုများရှိနေပြီး မျိုးဆက်သစ် ကလေးငယ်များ မွေးဖွားလာပြီးချိန်တွင် မွေးတိုးများလုပ်ရန် အခက်ခဲများ ကြုံနေရခြင်းကြောင့် သား/သမီးများ မွေးဖွားလာသော်လည်း အိမ်ထောင်စုစာရင်းထဲသို့ မထည့်သွင်းနိုင်သည့်အတွက် ထိုမျိုးဆက်သစ် ကလေးများမှာ တရားမဝင် ကလေးများဘဝအဖြစ်သို့ ရောက်ရှိနေကြောင်း သိရှိရပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.