Press "Enter" to skip to content

ရိုဟင်ဂျာပိုင်မြေများပေါ် ရခိုင်အစွန်းရောက်များက မတရားကျူးကျော်နေထိုင်ရာမှ အပိုင်စီးနေ

မောင်တောမြို့။          ။ရခိုင်ပြည်နယ် မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက် ဗဟိုကျောင်းတိုက်ဧ။် တောင်ဘက်ရှိ ရခိုင်လူမျိုးများ နေထိုင်သောရွာသည်ရိုဟင်ဂျာများနေထိုင်သောရွာနှင့် ကပ်လျှက်တည်ရှိပြီး ထိုရခိုင်ရွာတွင်နေထိုင်သော ကြက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ဖြူ (ခြေကျိုး) နှင့် သားကြီးသည် ၂၀၁၂ ခုနှစ်မှ လူမျိုးတုန်းသတ်ဖြတ်မှုများပြုလုပ်စဉ်ကာလအတွင်း  ၄င်းနေအိမ်အနီးတစ်ဝိုက်ရှိ ရိုဟင်ဂျာအိမ်များကိုမီးရှို့ခြင်း နှင့် လုယက်မှုများကို အဓိက လုပ်ဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ထို့နောက် ရခိုင်လူမျိုးများဧ။်နေအိမ်များနှင့် နီးကပ်စွာ နေထိုင်ကြသော လူနည်းစုရိုဟင်ဂျာများသည် တစ်ခြား နီးစပ်ရာ ရိုဟင်ဂျာရွာများသို့ ခေတ္တခိုလှုံရန် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။ ထိုသို့ ရိုဟင်ဂျာလူမျိုးများ ထွက်ပြေးတိမ်းရှောင်နေရစဉ် ကာလတွင်း အစွန်းရောက် ရခိုင်လူမျိုးဖြစ်သူ ဦးမောင်ဖြူက သူ၏အိမ်နှင့် ကပ်လျှက်ရှိသော ဦ်းအဘူယျာ (၂၇) နှစ်၏ အိမ်ခြံအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ နေထိုင်ရန် အိမ်ဆောက်နေသည်ကို အိမ်ပိုင်ရှင်ဖြစ်သူ ဦးအဘူယျာက အကြိမ်ကြိမ် ကန့်ကွက်ခဲ့သော်လည်း၊ မောင်ဖြူက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာကြောင့် မူလခြံပိုင်ရှင်ဖြစ်သူမှာ ယနေ့ထိပြန်လည် နေထိုင်နိင်ခြင်း မရှိကြောင်း ရွာသားတစ်ဦးထံမှ သိရှိရပါတယ်။

ထိုနည်းတူပဲ အစွန်းရောက် ရခိုင်လူမျိုးဖြစ်သူ ဦးမောင်ဖြူ၏အိမ်ရှေ့တွင်  မော်လဝီဟဘီအုလ္လာ (၅၄) နှစ် ဖြစ်သူ၏ အိမ်ခြံရှိပြီး ၂၀၁၂ ခုနှစ် အရေးအခင်းဖြစ်ချိန် အိမ်ခြံများ ဖျက်စီးခံခဲ့ရပြီး မိမိပိုင်ခြံမြေကို ခြံစည်းရိုး ပြန်လည်ကာထားခြင်း မရှိနိုင်ခဲ့သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးသို့ သုံးသိန်းနှစ်သောင်းကျပ် ကုန်ကျခံကာ  ခြံစည်းရိုးပြန်လည်ပြုပြင်ရန် ခွင့်ပြုမိန့် တင်ခဲ့ရာ ၂၃.၁၁.၂၀၁၈ ရက်နေ့တွင် ခွင့်ပြုမိန့်ရရှိခဲ့ပါတယ်။

အစိုးရထံမှ တရားဝင် ခွင့်ပြုမိန့်ရရှိပြီး နောက်နေ့တွင် မော်လဝီဟဘီအုလ္လာက မိမိပိုင်မြေကို ခြံစည်းရိုးကာနေစဉ် အစွန်းရောက် ရခိုင်လူမျိုးများဖြစ်သော မောင်ဖြူ နှင့်သားများ အစုလိုက်ရောက်လာပြီး ခြံပိုင်ရှင်ဖြစ်သူကို ဆဲရေးတိုင်းထွာမှုများ ပြုလုပ်သည့်အပြင် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုတွေပြုလုပ်ကာ ခြံစည်းရိုးပြုပြင်ခွင့် မပေးခဲ့ကြောင်း သိရပါတယ်။ ထိုအဖြစ်အပျက်ကို သက်ဆိုင်ရာသို့ တင်ပြခဲ့သော်လည်း ယနေ့ထိမည်သို့မျှ အရေးယူခြင်း မရှိသည့်အတွက် ယနေ့ထိ မိမိပိုင်မြေကို ခြံစည်းရိုး ကာနိုင်ခြင်း မရှိပေ။

ယခင်က ရခိုင်ရွာများ နှင့် ရိုဟင်ဂျာရွာများမှ ရွာသူ/သားများသည် ချစ်ခင်ရင်းနှီးစွာတစ်စုတစ်စည်းထဲ နေထိုင်ခဲ့သော်လည်း ယခုချိန်တွင် ယုံကြည်မှုများ ပျက်ပြားသွားသည်မှာ အစွန်းရောက်များဧ။်လုပ်ရပ်နှင့် မြန်မာစစ်တပ်ဧ။် ကြိုတင်ကြံစည်မှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုးစုတွေဟာ နိုင်ငံသားတန်းတူအခွင့်ရေးကို မရရှိတဲ့အပြင် လူသားတစ်ယောက်ရသင့်ရထိုက်တဲ့ အခွင့်ရေးတွေပါ ဆုံးရှုံးနေကြရတာပဲဖြစ်ပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.