Press "Enter" to skip to content

ကြိုးစားအားထုတ်မှုကြောင့် ရိုဟင်ဂျာဘာသာစကား ဒီဂျစ်တယ်စနစ်ဖြင့် ရေးနိုင်အောင်ပြုလုပ်နိုင်

RVision TV News

၂၀. ၁၂. ၂၀၁၇

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များတိုင်အောင် ဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုး၏ ဘာသာစကား အမြဲထာဝရ ရှင်သန်လျက်ရှိ အောင် ဒီဂျစ်တယ်စနစ်ဖြင့် ရေးနိုင်ရေးအတွက် အာရ်ဗီးရှင်း ဒါရိုက်တာ မိုဟာမတ်နိုရ်၏  ကြိုးစားအားထုတ်မှု ကြောင့် ယနေ့ အကောင်အထည်ဖော်ခဲ့ပါသည်။

ရေးသားရသော စာသားကို ဒီဂျစ်တယ်လက္ခဏာအဖြစ် ပြောင်းလဲခြင်းဟာ ဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုးအတွက် အီးမေး လ်ရေးခြင်း၊ စာတိုပို့ခြင်းနှင့် လူမှုကွန်ရက်တွင် စာရေးသားခြင်းမျာကို ၎င်းတို့၏ကိုယ်ပိုင် ဘာသာစကားဖြင့် ပြုလုပ် နိုင်တော့မည်ဖြစ်သည်။

ရိုဟင်ဂျာများသည် ဆယ်စုနှစ်များတိုင်အောင် မြန်မာနိုင်ငံတွင် အသိအမှတ်ပြုခံရခြင်းမှ ငြင်းပယ် ခံခဲ့ရသည်။ သို့သော် အဆိုပါ ဖိနှိပ်ခံ လူနည်းစုသည် ၎င်းတို့ကိုယ်ပိုင် သီးသန့် ဒီဂျစ်တယ် အက္ခရာဖြင့် ၎င်းတို့ တည်ရှိမှု၏ အရေးပါသော အမှတ်သင်္ကတကို ကာကွယ်နေမည်ဖြစ်သည်။

နိုင်ငံမဲ့ပြုလုပ်ခံ ရိုဟင်ဂျာ မွတ်စလင်မ်များ၏ ဘာသာစကားသည် အစီစဉ်တကျ အဆင့်မြင့်တင်ပြီး ယူနီကုဒ်စံနှုန်း တွင် ထည့်သွင်း ပါဝင်လာပြီဖြစ်သည်။ ယူနီကုဒ်စံနှုန်းဟူသည် ရေးသားရသော စာသားများကို ဒီဂျစ်တယ် သင်္ကေ တနှင့် ဂဏာန်းများအဖြစ် ပြောင်းလဲသော နိုင်ငံတကာသုံး စနစ်တစ်မျိုးဖြစ်သည်။

၎င်းသည် ရိုဟင်ဂျာများကို အီးမေးလ်ရေးရန်၊ စာတိုပို့ရန်နှင့် လူမှုကွန်ရက်တွင် စာရေးသားခြင်းမျာကို ၎င်းတို့ ကိုယ်ပိုင်ဘာသာစကားဖြင့် ရေးသားနိုင်တော့မည်ဖြစ်သည်။ ၁၉၈၀ မတိုင်ခင်အထိ ရေးသားရန် စာပေမရှိခဲ့သော သူများအတွက် အဓိက တိုးတက်မှု အဆင့်တစ်ဆင့်ဖြစ်သည်။

“လူတစ်စုဟာ ရေးသားဖို့သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားတစ်ခု မရှိဘူးဆိုရင်၊ အဲ့ဒီတိုင်းရင်းသားဟာ မရှိဘူးလို့ေ ပြာဖို့ ပိုမို လွယ်ကူ သွားပါတယ်” ဟု ၁၉၈၀ ခုနှစ်တွင် ရိုဟင်ဂျာဘာသာစကားအတွက် ရေးသားနည်းစနစ်ကို ရေးဆွဲခဲ့သော ဘင်္ဂလားဒေ့ရှ်တွင်နေထိုင်သည့် ရိုဟင်ဂျာ မဒ်ရာစာ ကျောင်းဆရာကြီး Mohammad Hanif က ပြောသည်။

မြန်မာအစိုးရက ရိုဟင်ဂျာတွေကို ညှင်းပန်းနှိပ်စက်၍ လူမျိုးတုံးသတ်ဖြတ်ပြီး ပျောက်ကွယ်နိုင်အောင် လုပ်ကြံနေ သည်ကို ရှုံးနှိမ့်စေရန် ရိုဟင်ဂျာဘာသာစကားအား ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။  

သို့သော် Hanifi Rohingya (Hanif တည်ဆောက်ထားသော Rohingya စာသား) သည် Unicode Consortium တွင် ထည့်သွင်းသော စာသားဖြစ်သည်။ Unicode Consortium ဟူသည် ဒီဂျစ်တယ် လက္ခဏာများနှင့် ဂဏာန်း များကို နိုင်ငံတကာစံနှုန်းနှင့် စံညှိပေးသော အကျိုးအမြတ် မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

 “အခု ရိုဟင်ဂျာဘာသာစကားကို ဒီဂျစ်တယ်စနစ်နဲ့ ရေးသားနိုင်ခြင်းဟာ ဖိနှိပ်ခံ ရိုဟင်ဂျာများရဲ့ ကြိုးစား ရုန်းကန်မှုအတွက် တရားဝင် ဖြစ်လာတာပါ” ဟု စာလုံးတည်ဆောက်ပုံနှင့် Hanifi Rohingya တို့ သဟဇာသဖြစ်စေရန်အတွက် ကွန်ပြူတာ လက်ကွက် တည်ဆောက်ခဲ့သူ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ အာရ်ဗီးရှင်း ဒါရိုက်တာ Muhammad Noor ကပြောသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »

One Comment

  1. Fa Rouq Fa Rouq December 20, 2017

    ဘယ်အချိန်ကစပြီး အသုံးပြုနိုင်ပါမလဲ

Comments are closed.

Mission News Theme by Compete Themes.