Press "Enter" to skip to content

မြန်မာအာဏာပိုင်တွေက အရှင်ဖမ်းတဲ့ ရိုဟင်ဂျာ တစ်ဦးကို ညှင်းပန်းနှိပ်စက်၍ သတ်ဖြတ်ပြီး အလောင်းပြန်အပ်

By Rohingya Eye ၊ RVision TV News

၁၉ . ၁၂. ၂၀၁၇

မောင်တော ။    ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ဒု-ညောင်ပင်ကြီးကျေးရွာမှ မြန်မာအာဏာပိုင် တွေက အပြစ်မဲ့ ရိုဟင်ဂျာ ၁၀ ယောက်ကျော် ဖမ်းဆီးချုပ်နှောင်ထားပြီး လူမဆန်စွာ ညှင်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့တဲ့ ဆယ်ကျော်သက် တစ်ဦးရဲ့ အလောင်းကို မိသားစုအား ပြန်လည်အပ်နှံခဲ့ကြောင်း သိရပါတယ်

ဒီဇင်ဘာ ပထမအပတ်မှာ ဒု-ညောင်ပင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး အသက်ခံရတာကို အကြောင်းပြပြီး နယ်ခြား စောင့်ရဲတွေက လမ်းပေါ်မှ အပြစ်မဲ့ရိုဟင်ဂျာ ၁၀ ယောက်ကျော် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီ အဖမ်းခံရ သူတွေကို လူမျိုးနဲ့ ဘာသာရေးအရ ခွဲခြားဆက်ဆံရေးအနေနဲ့ အချုပ်ခန်းထဲမှာ နယ်ခြားစောင့်ရဲတွေက လူမဆန်စွာ ညှင်းပန်းနှိပ်စက်လို့ အစ္စလာမ်ဘာသာရေးကျောင်းသား ရှော်ဖိခ် (ဘ) နော်ဇိရ်အမတ် ဖြစ်သူက သေလုနီးပါး ဖြစ်လာတော့ ၄င်းကို ဒီဇင်ဘာ (၁၇) ရက်နေ့မှာ မောင်တော အထွေထွေဆေးရုံးကို ပို့ပေးခဲ့ပါတယ်။

သူ့ကို ဆေးရုံ တင်သွင်းသည်နဲ့တစ်ပြိုင်နဲ့ သေဆုံးခဲ့လို့  အာဏာပိုင်တွေက အလောင်းကို မိသားစုအား ပြန်လည်အပ် နှံခဲ့ကြောင်း ဒေသခံတစ်ဦးက RVision ကိုပြောပါတယ်။

နယ်ခြားစောင့်ရဲတွေရဲ့ ရက်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ရှော်ဖိခ် နဲ့အတူ အပန်းခံရတဲ့ တခြားလူတွေအား မိသားစု တွေနဲ့ ဆက်သွယ်ခွင့်မပြုလို့ သူတို့ရဲ့ အခြေအနေကို အခုတောင် တစ်ဦးတစ်ယောက်မှ မသိရသေးကြောင်း အဲဒီ ဒေသခံက ဆက်ပြောပါတယ်။

မြန်မာအစိုးရက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ရေး အစီစဉ်ကို ပြီးမြောက်ရန်အတွက် နိုင်ငံတွင်းရှိ ရိုဟင်ဂျာ အမျိုး သားတွေကို အကြောင်းအမျိုးမျိုးနဲ့ စွပ်စွဲ၍ အရှင်ဖမ်းဆီးပြီး အချုပ်ခန်းတွေထဲမှာ လူမဆန်စွာ ညှင်းပန်းနှိပ်စက်၍ သတ်ဖြတ်ကာ အလောင်းများကို လျှို့ဝှက်စွာ မြေမြှုပ်နေပါတယ်။ ဝှက်ကွယ် မထားနိုင်တဲ့ အလောင်း အချို့ကို တော့ မိသားစုတွေရဲ့ လက်ဝယ်မှာ ပြန်လည်အပ်နှံတယ်လို့ မောင်တောမြို့နယ်မှ လူ့အခွင့်အရေးစောင့်ကြည့်သူ တစ်ဦးက ပြောပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.