Press "Enter" to skip to content

မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများထံမှ လယ်မြေငှားရမ်းခ အဆမတန်တိုး၍ ကောက်ခံနေ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း ညောင်ချောင်းအုပ်စု ဘုရားပြင်အောင်ပကျေးရွာနှင့် ဖရုံချောင်းအုပ်စု ဒိုးတန်းကျေးရွာတို့ ကြားတွင်ရှိသော လယ်ယာမြေများ၊ကျက်စားမြေများနှင့် ပတ်သက်ကာ အာဏာပိုင်များမှ ငွေကြေးပိုမို တောင်းခံလျက်ရှိကြောင်းသတင်းပေးပို့ထားပါတယ်။

၂၀၀၇ ခုနှစ်တွင် ဘုရားပြင်အောင်ပကျေးရွာနှင့် ဒိုးတန်းကျေးရွာတို့ ကြားတွင်ရှိသော မြေဧကပေါင်း  (၅၀၀) ကျော်တို့ကို သက်ဆိုင်ရာမှ ညောင်ချောင်း အနောက်ဖက် တောင်နားတွင် (န.တ.လ) ရွာတစ်ရွာအဖြစ် နေရာချပေးကာ ၎င်းမြေဧကများကို အိမ်ထောင်စု တစ်စုကို (၂)ဧကနှုန်း မျှဝေပေးခဲ့ပါတယ်။

နယ်စပ်တိုင်းရင်းသားလူမျိုးများ(န.တ.လ)ကျေးရွာ စတင်တည်ထောင်ကာ လူနေအခြေချပေးချိန်မှစပြီး ၎င်းရွာမှ လယ်ယာမြေပိုင်ရှင်များက မိုးဦးရာသီမစခင်အချိန်တွင် ကျေးရွာနေ ရိုဟင်ဂျာမွတ်စလင်များအား မြေ (၂) ဧကလျင် ငွေကျပ်တစ်သိန်းမှ တစ်သိန်းခွဲထိသတ်မှတ်ပြီး ငှားရမ်းပေးလျက် ရှိပါတယ်။

၂၀၁၉ ခုနှစ်တွင်မူ ၄င်းလယ်မြေများအား အဏာပိုင်များ၏ လက်ကိုင်တုတ်လည်းဖြစ်ကာ အုပ်ချုပ်ရေးမှူးဧ။် တပည့်အဖြစ်လည်း လုပ်ကိုင်နေသူ ဦးအီစ္စလာမ် (ဘ) ဝါဒူလ္လာ အသက် (၅၂)က ထို(န.တ.လ) ပိုင် လယ်ယာမြေများကို ငှားရမ်းသူ ရိုဟင်ဂျာရွာသူ/သားများထံမှ ငှားရမ်းခငွေအဖြစ် ကျပ်ငွေ (၂၅၀၀၀၀ မှ ၃၅၀၀၀၀)ထိ မတရားသဖြင့် တောင်းရမ်းနေသောကြောင့် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော ရိုဟင်ဂျာလူမျိုးများက အလွန်စိုးရိမ်လျက်ရှိနေကြပါတယ်။ ထိုနည်းတူ (မ.ယ.က) ပိုင် လယ်ယာမြေ (၂၅) ဧက ငှားရမ်းခကိုလည်း ပုံမှန်ကျသင့်ငွေထက် ပိုမိုကောက်ခံပြီး ငှားရမ်းပေးနေကြောင်း သိရှိရပါတယ်။

ရခိုင်ပြည်နယ်တွင်း နေထိုင်ကြသော အင်အားနည်း ရိုဟင်ဂျာများအနေဖြင့် မိမိတို့မူလပိုင် လယ်မြေများကို မတရားသဖြင့် သိမ်းဆည်းခံရသည့်အပြင် မိမိတို့တတ်နိုင်သည့်ဘက်မှ ရုန်းကန်ကာ စားဝတ်နေရေးပြေလည်စေရန် ဖြေရှင်းနေရသော်လည်း မြန်မာအစိုးရ၏ အာဏာရှင်ဆန်စွာ ဖိနှိပ်မှုတို့ကြောင့် အပြစ်မဲ့ရိုဟင်ဂျာများ နေ့စဉ်နှင့်အမျှ ဒုက္ခမျိုးစုံကို ရင်ဆိုင်နေကြရခြင်းပဲ ဖြစ်ပါတယ်။

photo credit: Mole.my

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.