Press "Enter" to skip to content

မြန်မာအစိုးရမှ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းစစ်ဆင်ရေးကို နည်းမျိုးစုံဖြင့်ဆောင်ရွက်နေ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့တွင် မြန်မာအစိုးရမှ အင်အားနည်း ရိုဟင်ဂျာ လူမျိုးစုများကို နာမည်ပျက် စာရင်းသွင်းကာ မြန်မာနိုင်ငံမှ အပြီးပိုင်ဖယ်ရှားရန် ကြိုတင်ကြံစည် ထားခဲ့ခြင်းများကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှ ထောင်နှင့်ချီသော အပြစ်မဲ့ ရိုဟင်ဂျာ ကလေးငယ်များအား အသုံးချကာ ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့မှ စတင်အကောင်အထည် ဖော်နေကြောင်း ဒေသခံများမှ သတင်းပေးပို့ထားပါတယ်။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ကျေးရွာများတွင် မွေးကင်းစ ရိုဟင်ဂျာကလေးငယ်များကို မိမိတို့မူလဆောင်ရွက်နေသည့်အတိုင်း မိသားစုနှင့်တကွ ဓာတ်ပုံမရိုက်ယူပဲ သီးသန့်ဓာတ်ပုံများရိုက်ယူနေကြောင်း သိရှိရပါတယ်။

ကလေးငယ်များကို သီးသန့်ဖယ်ရှားကာ ဓာတ်ပုံရိုက်ယူပြီးနောက် မွေးကင်းစမှ တစ်နှစ်အထက် ကလေးငယ်များကို မိမိတို့မိသားစုစာရင်းတွင် နာမည်ထည့်သွင်းဖော်ပြခြင်းမရှိပဲ ချန်လှပ်ထားကာ ရိုဟင်ဂျာလူမျိုးစုကို ဖျောက်ဖျက်ရန် ဆောင်ရွက်လျက်ရှိနေပါတယ်။

ကလေးငယ်များဧ။် မိဘများကိုလည်း တရားစွဲဆိုမှုတွေ ပြုလုပ်ထားသောကြောင့် မိဘများတွင် အမှုရင်ဆိုင်ရလျက် ရှိနေပြီး မိမိတို့သားသမီးများကို မြန်မာအစိုးရမှ နည်းမျိုးစုံဖြင့် နာမည်ပျက်စာရင်းသွင်းရန် ကြံစည်နေခြင်းကြောင့် မိဘများက စိုးရိမ်မကင်းဖြစ်လျက် ရှိနေကြပါတယ်။

ရခိုင်ပြည်နယ်တွင်းရှိ ဒေသခံရိုဟင်ဂျာမိသားစုများအပေါ် ယခုကဲ့သို့ ရက်စက်ယုတ်မာမှုများ ပြုလုပ်နေသည်မှာ အချိန်အတိုင်းတာတစ်ခုထိရှိနေပြီး ရိုဟင်ဂျာမိဘ အများစုမှာ မိမိတို့သားသမီးများအတွက် အမှုရင်ဆိုင်ရခြင်း၊ ငွေညှစ်ခံရမှုများ ရှိနေခြင်းနှင့် မမှန်မကန် စွပ်စွဲကာ တရားစွဲဆို ခံရခြင်းများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင် နေကြရတာပဲ ဖြစ်ပါတယ်။

တစ်ချို့သော ဒေသခံများကမူ မိမိတို့သားသမီးများအား ကာကွယ်ပေးရန် မူလနေထိုင်ရာ ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်ခဲ့ကြ ရပါတယ်။ မြန်မာအစိုးရမှ လူဦးရေထိန်းချုပ်မှု အကြောင်းပြကာ အင်အားနည်း ရိုဟင်ဂျာလူမျိုးစုများအပေါ် လူမျိုးတုန်း စစ်ဆင်ရေးကို နည်းမျိုးစုံဖြင့် ဆက်လက် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.