Press "Enter" to skip to content

မြန်မာတပ်ဖွဲ့များမှ ရိုဟင်ဂျာများ၏ နေအိမ်များကို ဆက်လက်မီးရှို့နေ

ဘူးသီးတောင်မြို့။ ။၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တွင်းရှိကျေးရွာတစ်ရွာမှ ရိုဟင်ဂျာ မွတ်စလင်များပိုင်ဆိုင်သော အိမ် (၅)လုံးကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့် တပ်ဖွဲ့များမှ မီးရှို့ ပြာချခဲ့ကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ထားပါတယ်။

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ ငါးရံ့ချောင်းကျေးရွာအုပ်စု၊ ပန်းတောပြင်ကျေးရွာတွင် နေ့လည် ၂ နာရီဝန်းကျင်က ရိုဟင်ဂျာနေအိမ်ငါးလုံးကို မီးရှို့ခဲ့တာပဲဖြစ်ပါတယ်။ ထိုနေ့မှာပဲ တောင်ဘဇား အတွင်းရှိ ကျေးရွာတစ်ရွာကို ယစ်မူးနေသော စစ်သားများနှင့်ရဲအုပ်စု တစ်စုမှ မီးရှို့ခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှစပြီး မြန်မာနိုင်ငံတွင်း ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေ အနေနဲ့ အလွန်တရာမှ ကန့်သတ်ချုပ်ချယ်ထားမှုကို ခံနေကြရပြီး နေ့စဉ်သွားလာ လှုပ်ရှားမှုများကိုပင် ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။ဆောင်းရာသီ စတင်ဝင်ရောက်လာချိန်မှာလည်း လူမှုကယ်ဆယ်ရေး အဖွဲ့တွေကို လွတ်လပ်စွာ ဝင်ရောက်ကူညီခွင့် မပေးတာကြောင့် ရိုဟင်ဂျာ မွတ်စလင်များအနေနဲ့ အစားသောက် နှင့် အနွေးထည်များ လုံလောက်စွာမရရှိပဲ အခက်ခဲတွေကို ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။

ပိတ်လှောင်ခြင်း ခံထားရတဲ့ လူနည်းစု ရိုဟင်ဂျာတွေရဲ့ ဘဝတွေဟာ နေ့စဉ်နှင့်အမျှ ခက်ခဲသထက် ခက်ခဲလာတာပဲ ဖြစ်ပါတယ်။၂၀၁၆ ခုနှစ်တွင် အင်အားနည်း ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြရပြီး မြန်မာနိုင်ငံတွင်း ကျန်ရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အနေနဲ့ မြန်မာစစ်တပ်ရဲ့ နေ့စဉ်နှင့်အမျှ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် နေသည်များကို ရင်ဆိုင် နေကြရတာပဲ ဖြစ်ပါတယ်။ ယခုရက်ပိုင်းမှာလည်း မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ရိုဟင်ဂျာတွေရဲ့ နေထိုင်သွားလာလှုပ်ရှားမှုက ပိုမိုခက်ခဲလျက် ရှိနေပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.