Press "Enter" to skip to content

မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ တိုက်ပွဲအကြား သက်ကြီးရိုဟင်ဂျာတစ်ဦး သတ်ဖြတ်ခံရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဖြစ်ပွားနေသော မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ တိုက်ပွဲအကြား အပြစ်မဲ့ သက်ကြီးရိုဟင်ဂျာမွတ်စလင်တစ်ဦး အသတ်ခံရပြီး စွန့်ပစ်ခံထားရသည့် အလောင်းကို  ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၈ ရက် တနင်္လာနေ့တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးမှ သတင်းပေးပို့ထားပါတယ်။

လွန်ခဲ့တဲ့ (၃) ရက်ခန့်က ဘူးသီးတောင် တောင်ဘက်တွင်ရှိသော ဖုံညိုလိပ်ကျေးရွာမှ သက်ကြီးရိုဟင်ဂျာတစ်ဦး ပျောက်ဆုံးနေခဲ့ကာ ထိုသူ၏အလောင်းကို ဆင်သေပြင်ကျေးရွာတွင် လက်နှစ်ဖက်အား နောက်ဘက်တွင် ချည်နှောင်ထားလျက် တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ရက်စက်စွာ သတ်ဖြတ်ခံရသည့် အပြစ်မဲ့ရိုဟင်ဂျာ အဖိုးအိုမှာ ဦးအဘူဆက်သား၏ သားဖြစ်သူ ဦးဇာဖောရ်အမတ် အသက်(၆၀) ဖြစ်ပြီး ရခိုင်အစွန်းရောက်များ သို့မဟုတ် မြန်မာစစ်တပ်မှ သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြားခဲ့ပါတယ်။ ယခင်မှာလည်း ရခိုင် အစွန်းရောက်များနှင့် မြန်မာစစ်တပ်တို့၏ လက်ချက်ဖြင့် ထိုရိုဟင်ဂျာ အဖိုးအိုကဲ့သို့ သတ်ခံခဲ့ရသူ မြောက်များစွာ ရှိနေခဲ့ပါတယ်။

“ကျွန်တော်တို့ သူ့အလောင်းကိုတွေ့ရှိခဲ့ချိန်မှာ လက်နှစ်ဖက်ကို သူဝတ်ဆင်ထားခဲ့တဲ့ အင်္ကျီနဲ့ ချည်နှောင်ခံထားရပြီး လူမဆန်စွာ သတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့ကြတာပါ”ဟု ရက်စက်စွာ သတ်ခံရသူ၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည့် အဖွဲ့မှ ရိုဟင်ဂျာ တစ်ဦးက ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး လက်နက်ကြီးငယ်များ အသုံးပြုကာ ပစ်ခတ်နေကြသောကြောင့် မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့တို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ ပိုမို တိုးပွားလျက် ရှိနေကြပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.