Press "Enter" to skip to content

သောကြာနေ့ စုပေါင်းဝတ်ပြုချိန်မှာ ရိုဟင်ဂျာနေအိမ်များ မီးရှို့ဖျက်ဆီး

 By RVision TV Correspondents

  1. 01. 2018

စစ်တွေ ။    ။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြာလီပြင်ဧရိယာတွင် ရိုဟင်ဂျာ မွတ်ဆလင်တွေက ပြီးခဲ့တဲ့ သောကြာနေ့မှာ ဂျူမားဝတ်ပြုနေစဉ် ရခိုင်အစွန်းရောက် အကြမ်းဖက်သမားတွေ ဝင်ရောက်လာပြီး ရိုဟင်ဂျာ နေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

၂၀၁၈ ခုနစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က စစ်တွေမြို့နယ် ပြာလီပြင်ဧရိယာ ဘာရီဇာဖာရာရွာမှာ မွတ်ဆ လင်များက သောကြာနေ့ နေ့ခင်းမှာ ကျေးရွာထဲရှိ ဗလီတွင် ဂျူမားဝတ်ပြုနေရာ ရခိုင်အ စွန်းရောက် အကြမ်း ဖက်သမားတွေ အဲဒီကျေးရွာကို ဗြုန်းခနဲ ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ မနေ့ ဇန်နဝါရီလ ၃ ရက်၊ နေ့ခင်း ၁၂ နာရီခွဲခန့် အချိန်တွင် မောင်တောမြို့ပေါ် ရပ်ကွက် (၃) ရှုန်းဒေါရ်ဖာရာရဲ့ အနီးအနားရှိ ရခိုင်ရွာမှ ရခိုင်အကြမ်းဖက်သမား ခုနှစ်ယောက်ခန့် အဲဒီ ကျေးရွာကို လာရောက်စီးနင်းပြီး ရိုဟင်ဂျာနေအိမ် တစ်လုံး မီးရှို့ခဲ့ပါတယ်။

မြို့ထဲမှာ မီးလောင်နေတာကို သိမြင်ရပြီး  မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ မီးလောင် ရာ နေရာကို ရောက်လာကာ ဒေသခံများကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။ မျက်မြင်သက် သေများက အဖြစ်အ ပျက်အမှန်ကို ရှုင်းပြခဲ့ပေမဲ့  အပြစ်မဲ့ ရိုဟင်ဂျာ တစ်ဦးကို မတရားဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင် သက်သေများက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေဟာ ရက်စက်ကြမ်းကြုတ်လှတဲ့ ဗမာစစ်တပ်၊ အာဏာပိုင်တွေနဲ့ ရခိုင်အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ စနစ်တကျ လူမျိုးတုံး သတ်ဖြတ်မှုရဲ့  တစ်စိတ်တစ်ပိုင်း  ဖြစ်လာခဲ့ပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.