မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာ ကျေးရွာများသို့ ဝင်စီးပြီး စိတ်တိုင်းကျ ကျူးလွန်နေ

Thidar
By Thidar August 21, 2017 10:48

မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာ ကျေးရွာများသို့ ဝင်စီးပြီး စိတ်တိုင်းကျ ကျူးလွန်နေ

RVision TV News

၂၁ . ၀၈ . ၂၀၁၇

မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၄) နယ်မြေ၊ စခန်း အမှတ် (၂၄) မှ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မင်းကြီးကျေးရွာ (ခ) တူလာတူလီကျေးရွာအုပ်စုသို့ ဝင်စီးပြီး ကျေးရွာကို ဝိုင်းဝန်းပိတ်ဆို့ကာ ရွာသားများကို ရိုက်နှက်ခြင်း၊ နေအိမ်များ ဖြိုဖျက် ဖျက်ဆီးခြင်း နှင့် လုယက်ခြင်းများ ကျူးလွန်နေကြောင်း ဒေသခံများက သတင်းပေးပို့လိုက်ပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၄) နယ်မြေ၊ စခန်း အမှတ် (၂၄) မှ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မင်းကြီးကျေးရွာအုပ်စု၊ တူလာတူလီ တောင်ရွာ၊ တူလာတူလီ ကျွန်းရွာ၊ အလယ်ရွာ နှင့် ဂူးနားရွာထဲသို့ စီးဝင်ပြီး ကျေးရွာကို ဝိုင်းဝန်းပိတ်ဆို့ကာ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီးများနှင့် အမျိုးသားများကို ရွာရှိ စာသင်ကျောင်း၌ စုဝေးထားခဲ့ပါတယ်။ ထို့နောက် ၎င်းကျေးရွာမှ အပြစ်မဲ့ ကျေးရွာသားများကို လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် ဆက်နွယ်မှု ရှိတယ်လို့ မဟုတ်မမှန် စွပ်စွဲပြီး နေအိမ် (၃) လုံးကို လုံးဝ ပြိုကွဲ ဖျက်ဆီးလိုက်ပါတယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်များနှင့် ရွှေငွေများကိုလည်း လုယက်ယူဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေများက ဆက်သွယ်ပြောပြပါတယ်။ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က နေအိမ်များကို ရွာသားများအား ဖြိုဖျက်ခိုင်းသဖြင့် ပြိုကွဲနေစဉ် ရွာသားအချို့ ဒဏ်ရာရရှိကြောင်းလည်း သူက ဆက်ပြောပါတယ်။

အလားတူ ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင်လည်း စစ်သားနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေက ဘဂုံးနားကျေးရွာအုပ်စု၊ နူရူလ္လာရွာကို ဝိုင်းဝန်းပိတ်ဆို့လိုက်ကြောင်းနှင့် စံပယ်ကုံးကျေးရွာနှင့် ဒူးတန်းကျေးရွာကြားရှိ လမ်းများတွင် တွေ့သမျှ ရိုဟင်ဂျာများကို ရိုက်နှက်ခြင်းနှင့် ဆိုင်ကယ်စီးသမားများကို စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက R-vision  သို့ဆက်သွယ်ပြောပြပါတယ်။

ဆက်လက်၍ ဒီကနေ့ နံနက် ၉ နာရီအချိန်တွင် မျောတောင်ကျေးရွာအုပ်စု၊ မြောက်ရွာနှင့် တောင်ရွာမှ ကလေးငယ်များ အပါအဝင် ရိုဟင်ဂျာ အမျိုးသမီးအားလုံးကို နေအိမ်များမှ နှင်ထုတ်ပြီး ရွာရှိ ကျောင်းခြံဝင်းတွင် စုစည်းထားခဲ့ရာ ကျေးရွာရှိ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များပါမကျန် ရွာသားအားလုံးကို စုစည်းခေါ်ဆောင်ပေးနိုင်ပါက ၎င်းတို့အားလုံးကို ဓာတ်ပုံရိုက်ပြီး ပြန်လည် လွှတ်ပေးမည်ဖြစ်ကြောင်းနှင့် မစုစည်းနိုင်ပါက ထို အမျိုးသမီးများကို ကျောင်းခြံဝင်းထဲမှ လွှတ်မပေးဘဲ အာဏာပိုင်တွေရဲ့ စိတ်တိုင်းကျ ပြုလုပ်မယ်လို့ အမျိုးသမီးများအား ပြောကြားလိုက်ကြောင်း ရွာသားများရဲ့ ပြောကြားချက်များအရ သိရပါတယ်။

 

Thidar
By Thidar August 21, 2017 10:48

Subscribe

Archives

Subscribe

Archives