Press "Enter" to skip to content

မောင်တောမြို့နယ်မြောက်ပိုင်းတွင် ကျန်ရှိနေတဲ့ ရိုဟင်ဂျာနေအိမ်များကို မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ရွာသား၂ဦးအား ဖမ်းဆီးခေါ်ဆောင်ငွေညှစ်

By RVision TV Correspondent

၁၅.၀၃.၂၀၁၈

မောင်တော။   ။ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းကျွန် ကျေးရွာအုပ်စုတွင် ကျန်ရှိနေတဲ့ ရိုဟင်ဂျာနေအိမ်များကို စစ်သားများနဲ့ နယ်ခြားစောင့်ရဲများက မီးရှို့ဖျက်ဆီးလျက်ရှိနေကြောင်း သိရပါတယ်

၂၀၁၈ ခုနစ်၊ မတ်လ ၁၃ ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းကျွန် ကျေးရွာအုပ်စုမှ ရိုဟင်ဂျာရွာ တစ်ရွာလုံးကို မြန်မာ အကြမ်းဖက်စစ်တပ်နဲ့ နယ်ခြားစောင့်ရဲများက မီးရှို့ဖျက်ဆီးပြီး ကျန်ရှိနေတဲ့နေအိမ်များကိုပါ ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ သိရှိရပါတယ်။

၎င်းအနီးအနားမှ ကျေးရွာများတွင် နေထိုင်လာတဲ့ ရိုဟင်ဂျာများကိုလည်း အနုနည်းနဲ့ နေရပ်စွန့်ခွာပြီး မောင်းထုတ်ရန် ကြိုးစားနေတယ်လို့ ဒေသခံများက Rvision သို့သတင်းပေးပို့ခဲ့ပါတယ်။

ထို့နောက်ဆက်လက်ပြီး မောင်တောမြို့နယ်မြောက်ပိုင်း ဦးရှည့်ကျကျေးရွာတွင် နံနက် ၁၀း၀၀နာရီချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ဖို့ မယကဦးစီးနှင့် အခြားအရာရှိများက ရေမျက်တောင်ကင်းစခန်းမှ ၄င်းတို့ရဲ့ လုံခြုံရေးအဖြစ် ရဲတပ်ဖွဲ့များလာရောက်ကာ အုပ်ချုပ်ရေးမှူးရွေးချယ်ပြီး  နေ့လည်၂း၀၀ နာရီချိန်တွင် ရေမျက်တောင်ကင်းစခန်းရဲတပ်ဖွဲ့များက အပြစ်မဲ့ရွာသားနှစ်ဦး ဖြစ်တဲ့ ဖေါ်ယာစ်နှင့်ဆော်ကိရ်အာမတ်တို့ကို အကြောင်းမဲ့သက်သက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းက ညနေအချိန်တွင် ရေမျက်တောင်ကင်းစခန်းသို့သွားရောက်ကာ ငွေကျပ်၂၀၀,၀၀၀ တိတိပေးမှ ၄င်းအပြစ်မဲ့ဒေသခံရိုဟင်ဂျာနှစ်ဦးအား  ပြန်လွှတ်ပေးခဲ့ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း နမ(၅)နယ်မြေမှူး အောင်ကျော်မြင့်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီး ဒေသခံရွာသား ၆ယောက်ကိုဖမ်းဆီးကာ ငွေ ၁၅ သိန်း ညှစ်ယူ ပူးပေါင်းစားနေကြောင်းထပ်မံသိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒေသခံရိုဟင်ဂျာများကို မြန်မာအစိုးရစစ်တပ်နဲ့ အာဏာပိုင်အဖွဲ့အစည်းများက အနုနည်းအသုံးပြုပြီးမောင်းထုတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ဥစ္စာပစ္စည်းများကို လုယက်ခြင်း၊ မတရား ဖမ်းဆီးပြီးရိုက်နှက်သတ်ဖြတ်ခြင်း၊ငွေညှစ်ခြင်းများတင်မက အမျိုးသ္မီးများကိုပါ မဖွယ်မရာပြုလုပ်ခြင်း၊ မုဒိန်းကျင့်ခြင်း စတဲ့ လုပ်ဆောင်မှုများကို ဟန့်တားပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးနိုင်ဖို့ ဒေသခံများက နိုင်ငံတော်အကြီးအကဲများကို တင်ပြတောင်းဆိုပေမဲ့ အရေးယူခြင်းမရှိပဲ အထက်အရာရှိများကိုယ်တိုင်က စိတ်တိုင်းကျ ဥပဒေမဲ့ ကျုးလွန်ခွင့်ပေးထားသလိုမျိုး အပြစ်မဲ့ရိုဟင်ဂျာတွေအပေါ် ဆက်လက်ပြီး ကျူးလွန်နေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေရာမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ နိုင်ငံတကာ ဥပဒေ ချိုးဖေါက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာနှစ်ရပ်ကို မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက လက်မခံပဲ စွပ်စွဲချက်တွေဖြစ်တယ်လို လိမ်လည်ငြင်းဆိုပယ်ချလိုက်ပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.