Press "Enter" to skip to content

မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာကျေးရွာများကို မြန်မာစစ်တပ်မှဝင်ရောက်စီးနင်း

မောင်တောမြို့။ ။၂၀၁၉ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ ရခိုင်ပြည်နယ် မောင်တောမြို့တွင် မြန်မာစစ်တပ်များမှ အပြစ်မဲ့ ရိုဟင်ဂျာတစ်ဦးကို ကျေးရွာတစ်ရွာကနေ ဖမ်းစီးခေါ်ဆောင် သွားခဲ့သည့်အပြင် တစ်ခြားကျေးရွာ တစ်ရွာကိုလည်း ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း ကျေးရွာတွင်း နေထိုင်သူ တစ်ဦးမှ သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်မှ ပန်းတော်ပြင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ထိုရွာတွင် အကြမ်းဖက်သမားများ ဝင်ရောက် ခိုလှုံနေသည်ဟု စွပ်စွဲကာ မိသားစုတစ်စုချင်းစီထံမှ အိမ်စာရင်းများ တောင်းယူကာ လူဦးရေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။

တစ်ခြားကျေးရွာတစ်ရွာဖြစ်သည့် မော်နီဖာရာကိုလည်း ဆရဖ၊ ရဲများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ ဝိုင်းထားခဲ့သည့်အပြင် ၄င်းတို့ထဲမှ တပ်ဖွဲ့ဝင်တစ်ချို့က ကျေးရွာထဲသို့ ဝင်ရောက်စီးနင်းကာ ထိုကျေးရွာတွင် နေထိုင်ကာ လက်လုပ်လက်စားဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော အပြစ်မဲ့ရိုဟင်ဂျာ တစ်ဦးဖြစ်သူ မမတ်အာလောမ်ကို ဖမ်းစီးခေါ်ဆောင် သွားခဲ့ပါတယ်။

ဖမ်းစီးခေါ်ဆောင်သွားခြင်းခံရသည့် ရိုဟင်ဂျာအမျိုးသား မမတ်အာလောမ်အား မည်သည့်ပြစ်မှုဖြင့် ဖမ်းစီးသွားသည်ကိုလည်း မသိရှိရသလို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုလည်း မသိရှိရသေးပေ။ ဤကဲ့သို့ ကျေးရွာနေ ရိုဟင်ဂျာများကို ညှင်းပမ်း နှိပ်စက်မှုများ ဆက်တိုက် ပြုလုပ်နေခြင်းမှာ မိမိတို့ မူလနေထိုင်ရာ ဒေသကို စွန့်လွှတ် ထွက်ပြေးရန် တွန်းအားပေးနေခြင်းပဲ ဖြစ်ပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.