Press "Enter" to skip to content

ပေါက်တောမြို့နယ်တွင် ရခိုင်အစွန်းရောက်များက ရိုဟင်ဂျာတစ်ဦးကို သေလုမျှောပါးဖြစ်သည်ထိ ရိုက်နှက်

ပေါက်တောမြို့။ ။၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ၊ (၃၁) ရက်၊ ကြာသပတေးနေ့တွင် ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ရိုဟင်ဂျာမွတ်စလင် တစ်ဦးကို ရခိုင်အစွန်းရောက်(မော့ဂ်)များက လူမဆန်စွာ သေလုမျှောပါးဖြစ်သည်ထိ ရိုက်နှက်ထားကြောင်း အခင်းဖြစ်ပွားရာ နေရာမှ ဒေသခံတစ်ဦးက သတင်းပေးပို့ထားပါတယ်။

ဆင်တမော်ကျေးရွာတွင် နေထိုင်သော ရိုဟင်ဂျာမွတ်စလင်တစ်ဦးသည် နီးစပ်ရာ တောင်ကုန်း နေရာမှာ  ထင်းခွေနေချိန်အတွင်း ရခိုင်အစွန်းရောက်များကာ ဝိုင်းကာ သေလုမျှောပါး ဖြစ်သည်အထိ လူမဆန်စွာ ရိုက်နှက်ခဲ့တာပဲ ဖြစ်ပါတယ်။

ရခိုင်ဗုဒ္ဓဘာသာဝင် အစွန်းရောက်များ လက်ချက်ဖြင့် လူမဆန်စွာရိုက်နှက်ခံရသူ ရိုဟင်ဂျာမွတ်စလင်အား ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိပြီး သေလုမျှောပါး ဖြစ်နေချိန်တွင် စွန့်ပစ်ထားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ခြင်း ခံရသည့် ရိုဟင်ဂျာမွတ်စလင် အနေနှင့် အရေးပေါ် ဆေးဝါးကုသမှု ခံယူရန် လိုအပ်နေကြောင်း ကျေးရွာနေ ရိုဟင်ဂျာများက ပြောဆိုထားပါတယ်။

ရိုဟင်ဂျာအများစုနေထိုင်ရာ အရပ်ဒေသတွေမှာ မြန်မာအစိုးရမှ ပိတ်ပင်တာစီးမှုတွေ ပြုလုပ်ထားတဲ့အတွက် အရေးပေါ် ဆေးဝါးကုသမှု ခံယူရန် အခက်ခဲများ ရှိနေသောကြောင့် ပြစ်မှုကျူးလွန်ခြင်း ခံရသူ၏ မိသားစုများက ထိုသူ၏ အသက်ကို အချိန်မှီ မကယ်တင်နိုင်မည်ကို လွန်စွာမှ စိုးရိမ်နေကြပါတယ်။

ရိုဟင်ဂျာမွတ်စလင်များ အနေနဲ့ ဆယ်စုနှစ်ပေါင်း မြောက်များစွာထိ ဗုဒ္ဓဘာသာအစွန်းရောက်များနှင့် မြန်မာအစိုးရ၏ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများ ပြုလုပ်နေသည်ကို ရင်ဆိုင်နေကြရပြီး အသက်အန္တရာယ်မှ လွှတ်မြောက်ရန် မိမိတို့ မူလနေရပ်ဒေသကို စွန့်ခွာထွက်ပြေးကြရသူ များပြားလျက်ရှိပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.