Press "Enter" to skip to content

အပြစ်မဲ့ ရိုဟင်ဂျာ လူငယ် ၂ ဦးအား ဖမ်းဆီးပြီး သေလုနီးပါး ညှဉ်းပန်းနှိပ်စက်

By RVision TV Correspondent

၀၈. ၀၁. ၂၀၁၈

မောင်တော။  ။၂၀၁၈ ဇန်န၀ါရီလ ၄ ရက်နေ့တွင် မောင်တောမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ ဝင်များက အပြစ်မဲ့ ရိုဟင်ဂျာ ၂ ဦးကိုဖမ်းဆီးပြီး သေလုနီးပါးနှိပ်စက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

မနက်အစောပိုင်းအချိန်တွင် ဘာလူဟာလီ (သဲချောင်း)ကျေးရွာအုပ်စု၊ အာဟီရီဖာရာခေါ်နောက်ဆုံးရွာမှ လူဦးရေ ၆ ဦး (သို့ ) ၇ ဦး ခန့် ရှိတဲ့ ရိုဟင်ဂျာလူငယ်များ နံနက်စာအတွက် ချက်ပြုတ်နေစဉ် ဖြတ်သန်းသွား လာနေတဲ့ လုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့က မီးတောက်ကိုမြင်ပြီး ၄င်းတို့ ထံသို့  ရောက်ရှိလာခဲ့ကြပါတယ်။

ယခင်ကဲ့သို့ စစ်အာဏာပိုင်များရဲ့ အမျိုးမျိုးညှင်းပန်းနှိပ်စက်မှုကို အမြဲခံနေရတဲ့ ရိုဟင်ဂျာများသည် လုံခြုံမှု ရရှိရန် ထွက်ပြေးတိမ်းရှောင်နေစဉ် ကံမကောင်းစွာဖြင့် ၂ ဦးက ထွက်မပြေးနိုင်ခဲ့ပေ။ အဲဒီ နှစ်ဦးစလုံးကို အာဏာပိုင်များက (ARSA) တို့ ၏အဖွဲ့  ၀င်ဖြစ်သည်ဟု ပြစ်တင်စွဲစွပ်၍ တရားခံအဖြစ်ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးကို အမျိုးမျိုးညှင်းပန်းနှိပ်စက်မှုများပြုလုပ်ပြီး ရွာကြီးကို ခေါ်ဆောင်လာကာ ရွာခံရိုဟင်ဂျာ များ ဟုတ်မဟုတ် အခြားရွာသားများထံမှ  စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ရွာခံများက ဖမ်းဆီးခံထားရသူ၂ ဦးမှာ ရွာခံများဖြစ်ကြောင်း အတည်ပြုလက်ခံရရှိသော်လည်း အာဏာပိုင်များကငြင်းပယ်ကာ သေလုနီးပါး ဖြစ်သ ည်အထိ မတရားညှင်းပန်းနှိပ်စက်ခဲ့ကြပါတယ်။

“စစ်အာဏာပိုင်တွေ အတိုင်းထက်အလွန် မတရားနှိပ်စက်ခဲ့လို့ သူတို့ရဲ့ ကျန်းမာရေးအခြအနေဟာ အလွန် ဆိုးရွားလာခဲ့တယ်။ မောင်တော အချုပ်ခန်းအထိရောက်နိုင်အောင် အသက်ရှင်နေလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး”  ဟု မျက်မြင်သက်သေ သက်ကြီးရွယ်အိုတစ်ဦးက ပြောပြပါတယ်။

ညှင်းပန်းနှိပ်စက်ခံ ရွာသား၂ ဦးကတော့  ကော်ရိမ် (ဘ) ဦး အဘူဟာယာဒ် (အသက်၂၈)နှစ် နဲ့ ရှော်ဖီ အာလမ်  (ဘ) ဦး ဘိလ္လာတို့ ဖြစ်ကြပြီး ၄င်းတို့ကို တောင်ပြိုလက်ဝဲမြို့ နယ်ခွဲသို့ ခေါ်ဆောင်သွားပြီးနောက် မောင်တောအချုပ်ခန်းကို ပို့ပေးခဲ့ကြောင်း၊ အဲဒီအချုပ်ခန်းတွင် ၄င်းတို့သည် အသက်ရှင်လျက်ရှိမရှိ တစ်ဦးတစ်ယောက်မှ အခုထိ မသိရသေးပါ။

မြန်မာစစ်အစိုးရက အပြစ်မဲ့ ရိုဟင်ဂျာလူငယ်တွေကို ဖမ်းဆီးကာ   ရက်စက်ကြမ်းကြုတ်၍သတ်ဖြတ်နေခြင်းသည် လူမျိုးတုန်းသတ်ဖြတ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းများဖြစ်ပြီး ၄င်းရာဇဝတ်မှုများကို (ARSA) အဖွဲ့ဝင်များအားရှင်းလင်းနေသည်ဟု ခေါင်းစဉ်တပ်ပြီး ဖုံးကွယ်လျက်ရှိနေပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.