Press "Enter" to skip to content

အုပ်ချုပ်ရေးမှူးများနှင့် လက်ကိုင်တုတ်များက ရိုဟင်ဂျာများထံမှ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ငွေညှစ်နေ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီး​တောင်​​မြို့တောင်​ပိုင်း၊ ဖရုံ​ချောင်း​ကျေးရွာ အုပ်​စုအတွင်း နေထိုင်သော အုပ်ချုပ်ရေးမှူးများ၏ လက်ကိုင်တုတ် တစ်ဦးဖြစ်သူ ဦးဆုလ်တာန်၏သား ဦးမမတ်​ဆာ​လေ​က ဖရုံ​ချောင်း အုပ်​စုအတွင်း နေထိုင်ကြ​သော ရိုဟင်​ဂျာများထံ​မှ နေ့စဉ်​​ခြိမ်း​ခြောက် ​​ငွေညှစ်​​မှုများ ပြုလုပ်နေ​ကြောင်း ဒေသခံတစ်ချို့မှ သတင်းပေးပို့ ထားပါတယ်။

ဒိုးတန်းကျေးရွာတွင် နေထိုင်သော ဦးအာရှောရ်ဇော်မား၏ သမီးဖြစ်သူ မနူရ်နာရ်ဘေဂွမ်နှင့် အိမ်နီးချင်းဖြစ်သူ ဦးကမာလ်တို့အကြား အိမ်ခြံမြေ ကိစ္စတစ်ခုကြောင့် ကတောက်ကဆ ဖြစ်ပွားခဲ့ရာ ဦးမာမတ်ဆာလေက ထိုကတောက်ကဆ ဖြစ်သည်ကို အခွင့်ကောင်းယူကာ အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း ငွေညှစ်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

၎င်းပြသနာအား အကြောင်းပြကာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့တွင် မနူရ်နာရ်ဘေဂွမ်ထံမှ ငွေကျပ် သုံးသိန်းနှင့် ဦးကာမာလ်ထံမှ ငွေကျပ် နှစ်သိန်းကျော် ညှစ်ယူခဲ့ပါတယ်။ထို့နောက် ဦးကာမာလ်အတွက် အမှုဖွင့်ရန် မနူရ်နာရ်ဘေဂွမ်ကို စည်းရုံး သိမ်းသွင်းခဲ့ပြီး ငွေကျပ် ၄သိန်းတိတိ တောင်းယူကာ အမှုဖွင့်ပေးခဲ့ပါတယ်။ တစ်ဖန် ရှေ့နေငှားရမ်းရန်ဟု ပြောဆိုကာ ငွေကျပ် လေးသိန်းကို ထပ်မံယူခဲ့တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ မနူရ်​နာရ်​​ဘေ​ဂေါမ်ထံမှ ​တရားရုံးတွင်​ ရင်​ဆိုင်​​နေရ​သောအမှုကို အကြောင်းပြ ခြိမ်း​​ခြောက်​ကာ ငွေကျပ်​ နှစ်သိန်း ညှစ်​ယူခဲ့ပြီး ဦးကမာလ်​ထံမှ​လည်း​ ငွေ​ကြေး​ ထပ်မံ​တောင်းခံခဲ့ရာ မ​ရရှိသဖြင်​ အုပ်ချုပ်ရေးမှူးနှင့် ပူး​ပေါင်းကာ နည်းမျိုးစုံဖြင့် ဆက်လက် ခြိမ်းခြောက်နေတယ်လို့ သိရှိရပါတယ်။

အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းကာ ကျေးရွာနေ ဆင်းရဲသူ/သားများထံမှ နည်းမျိုးစုံဖြင့် ခြိမ်းခြောက် ငွေညှစ်နေသော ဦးမမတ်ဆာလေက ၁၂၊၁၂၊၂၀၁၈ခု​နှစ်တွင် ဦးလာလ်မျှာ၏ သားဖြစ်သူ ဦးချူကုရ် ထံမှလည်း ​ငွေကျပ်​တစ်သိန်းခွဲ  ညှစ်​ယူခဲ့ပါတယ်။ ပင်ပန်းဆင်းရဲစွာ အသက်မွေးဝမ်းကျောင်း ပြုနေသော ကျေးရွာနေ ဆင်းရဲသူ/သား ရိုဟင်ဂျာများထံမှ အုပ်ချုပ်ရေးမှူးများနှင့်တကွ ထိုသူတို့၏ လက်ကိုင်တုတ်များက နည်းမျိုးစုံဖြင့် ခြိမ်းခြောက် ငွေညှစ်နေသည်များကို မြန်မာအစိုးရမှ ထိရောက်စွာ အရေးယူပေးနိုင်ရန် လိုအပ်လျက်ရှိနေပါတယ်။

Photo Credit: The Nation

More from အာရ်ကာန်More posts in အာရ်ကာန် »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.