Press "Enter" to skip to content

အိန္ဒိယနိုင်ငံရဲ့ ရိုဟင်ဂျာမုန်းတီးရေးတွင် ပထမဦးဆုံးအနေဖြင့် မြန်မာဘက်သို့ပြန်လည်နှင်ထုတ်ခြင်း

၀၉.၁၀.၂၀၁၈

အိန္ဒိယနိုင်ငံ TV chanel တွေမှာ မြန်မာနိုင်ငံကရိုဟင်ဂျာ (၇) ဦးကို ပြန်ပို့ခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံဘက်ကလည်း အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ ရိုဟင်ဂျာ ၇ဦး ၄င်းတို့နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်တွေက ကျေးရွာအသီးသီးကို အစိုးရက  ပြန်လည်ပို့ဆောင်လိုက်တယ်လို့ အသီးသီးဖော်ပြနေကြပါတယ်။

၂၀၁၂ ခုနစ်တွင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ အိမ်၊မြေ လယ်ယာတွေကို မီးရှို့ဖျက်ဆီးခဲ့ကာ အပြစ်မဲ့ရိုဟင်ဂျာတွေကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တာကြောင့် ဘိုးသွားပိုင်ဒေသတွေကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ကျောက်တော်မြို့နယ်က ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယဘက်မှ ဖမ်းဆီးပြီး အကျဉ်းထောင်မှာ ၆နှစ်နီးပါး ချူပ်နှောင်ထားခဲ့ပါတယ်။အိန္ဒိယ- မြန်မာ ၂ နိုင်ငံသဘောတူညီချက်အရ  အောက်တိုဘာလ ၃ရက်နေ့တွင် အိန္ဒိယထိန်းသိမ်းရေး စင်တာတွင် လုပ်ရိုးလုပ်စဉ်ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ပြီး ၂ နိုင်ငံနယ်စပ်သို့ခေါ်ဆောင်လာခဲ့ပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့မှာ မြန်မာနိုင်ငံအာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒါဟာ အိန္ဒိယသို့ထွပ်ပြေးလာတဲ့ ဒုက္ခသည် ၄၀၀၀ မှ ရိုဟင်ဂျာဒုက္ခသည်များကို ပထမဦးဆုံးပြန်ပို့ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာရှိတဲ့ ဒုက္ခသည် ၁၆ ,၅၀၀ ကို နှောက်ယှက်ခြင်း၊ မတရားဖမ်းဆီးမှုများ ထိန်းသိမ်းရေးနဲ့ ပြည်နှင်ဒဏ်တားဆီးစေရန် ကူညီမှာဖြစ်ကြောင်းပြောဆိုကာ UNHCR မှ သက်သေခံကတ်ပြားများထုတ်ပေးခဲ့ပါတယ်။

UN ဘက်ကတော့ ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ ဒုက္ခဒဏ်တွေကြောင့် ရပ်တည်ခဲ့ပေမဲ့ အိန္ဒိယဘက်က ၄င်းကဒ်ကိုအသိအမှတ်မပြုပဲ ငြင်းပယ်ခဲ့ကာ ပြန်ပို့ရေး ဥပဒေနိယာမကိုချိုးဖောက်ခဲ့ပြီး ၄င်းတို့ဘက်ကလည်း မည်သူမဆိုခွင့်ပြုချက်မရှိပဲတရားမ၀င် နိုင်ငံအတွင်းဝင်ရောက်ခဲ့မယ်ဆိုပါက ပြန်ပို့ခံရဖို့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာရပ်ဘူရှန်ဘာဘူက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာရောက်ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တော်တော်များများကို တိုင်းပြည်မှ အမြန်ဆုံးပြန်ပို့ရန် လိုအပ်ကြောင်း ယခုဝန်ကြီးချုပ် နန်ရန်ဒရားမိုဒီ ဟိန္ဒူအမျိုးသားရေးအစိုးရ ကပြောပါတယ်။ပြန်ပို့ခံရတဲ့ ရိုဟင်ဂျာ ၇ ဦးနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂနဲ့ လူအခွင့်အရေးဆိုင်ရာအဖွဲ့ အစည်းများကလည်း အထူးစိုးရိမ်နေကြပါတယ်။

မြန်မာအစိုးရဘက်ကလည်း အိန္ဒိယနဲ့ ပူးပေါင်းပြီး ရိုဟင်ဂျာတွေအတွက်လုံခြုံမှုရှိကြောင်းကို နည်းပရိယာယ် ဥာဏ်ဆင်ပြီး ကမ္ဘာကိုမျက်လှည့်ပြချင်နေတာပဲဖြစ်ပါတယ်။မြန်မာအစိုးရရဲ့ ကျော့ကွင်း (သို့) ထောင်ချောက်ကို မမြင်ပဲ စဉ်းစားဆင်ခြင်မဲ့ကာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကပါ ဇွတ်တိုးသွားမယ်ဆိုရင် မြန်မာအစိုးရရဲ့ လူနည်းစုတိုင်းရင်းသားရိုဟင်ဂျာတွေအပေါ် အမြစ်ဖျက်သုတ်သင်ရှင်းလင်းမှု စီမံကိန်းအထမြောက်စေရန် ကူညီအားပေးသလိုဖြစ်သွားမှာ ဧကန်မလွဲပါပဲ။

 

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.