Press "Enter" to skip to content

အာဏာပိုင်များ၏ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လွယ်ကူစေရန် ကျေးရွာအုပ်ချုပ်ရေးမှူး အပြောင်းအလဲလုပ်နေ

မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့တွင် အာဏာပိုင်များနှင့်စပ်ဆက်လျက်ရှိသော တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို လွယ်ကူစွာယလုပ်ဆောင်နိုင်ရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အကြိမ်ကြိမ် အပြောင်းအလဲ ပြုလုပ်နေကြောင်း ဒေသခံများက သတင်းပေးပို့ထားပါတယ်။

မြန်မာ အာဏာပိုင်များက လာဘ်ငွေအများပြားယူကာ ဦးကျည်ကျကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများကို သုံးကြိမ်တိုင်တိုင် အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

ပထမဦးစွာ ဦးကာဒဲရ်၏ သားဖြစ်သူ ချောမ်ချူးဟကင်း(မ်)က ကျေးရွာအုပ်ချုပ်ရေးမှူးရာထူးအတွက် သိန်းငါးဆယ် လာဘ်ထိုးခဲ့ရပြီး တစ်လခန့်ကြာချိန်တွင် မြန်မာအာဏာပိုင်များက ဦးနူးရ်ကရိမ်၏ သားဖြစ်သူ ဆီရာဂ်ျအား  ထိုသူတို့၏ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လွယ်ကူစေရန် အသုံးချနိုင်မည်ဟုထင်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးခန့်အပ်ရန် လာဘ်ငွေ သိန်း (၆၀) ကျပ်တိတိ ယူခဲ့သည်ဟု သိရှိရပါတယ်။

ရက်သတ္တပတ်ကြာပြီးနောက် အာဏာပိုင်များက ဘော်လီအာမိန်၏သားဖြစ်သူ အဘူအာလောမ်ထံမှ လာဘ်ငွေ သိန်း (၅၀) ကျပ်တိတိ ရယူကာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ပေးခဲ့ပါတယ်။ ထိုသို့ခန့်အပ်ထားပြီး နောက်နေ့ဆိုသလိုပင် ၄င်းအာဏာပိုင်တို့၏ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု လွယ်ကူစေရန် အထောက်ကူပြုနိုင်မည်ဟုထင်ရသူ နူးရ်ကရိမ်၏သား ဆီးရာဂ်ျထံမှ လာဘ်ငွေအဖြစ် ကျပ်ငွေ သိန်း(၇၀) တိတိ ထပ်မံရယူပြီး ထိုသူအား ကျေးရွာအုပ်ချုပ်ရေးမှူးရာထူး ခန့်အပ်ပေးခဲ့ပါတယ်။

အာဏာပိုင်တွေက သူတို့ရဲ့ အကျိုးစီးပွား အောင်မြင်ဖို့အတွက် လာဘ်ငွေများရယူကာ အရည်အချင်းကိုအဓိကမထားပဲ မည်သူ့ကိုမဆို ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်အပ်နေတာဖြစ်ကြောင်း ရွာခံတစ်ဦးက ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်းရှိတဲ့ ကျေးရွာတွေမှာ ကျေးရွာအကျိုးဆောင်ရွက်ရန် အုပ်ချုပ်ရေးမှူးများ ခန့်အပ်ခြင်းမဟုတ်ပဲ မြန်မာအာဏာပိုင်တို့၏ အကျိုးစီးပွား အတွက် အသုံးချရန်သက်သက်ဖြင့် အုပ်ချုပ်ရေးမှူး ရာထူး ခန့်အပ်ပေးခြင်းတွေ ပြုလုပ်နေသည်မှာ သာမန်လုပ်နေကျ ထုံးစံတစ်ခုသဖွယ် ဖြစ်လာပါတယ်။

ယခုကဲ့သို့ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အသုံးချကာ တရားမဝင် စီးပွားရှာခြင်းနှင့် ရိုဟင်ဂျာလူမျိုးစများထံမှ ငွေကြေးညှစ်ယူပြီး နှိပ်စက်ညှင်းပန်းမှုတွေကို ပြုလုပ်နေခြင်းကလည်း ရခိုင်ပြည်နယ်တွင် ပြုလုပ်နေကျအလေ့အထ တစ်ခုသဖွယ် ဖြစ်လျက်ရှိနေပါတယ်။ လူမျိုးစုတစ်ခုကို ညှင်းပန်းရန် ထိုလူမျိုးစုထဲမှ လူတစ်ချို့ကို အတင်းအဓမ္မ ချုပ်ကိုင်စေခိုင်းမှုသည် မြန်မာနိုင်ငံ၏ တရားစီရင်မှု အားနည်း နေခြင်းကြောင့်သာ ဖြစ်ပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.