Press "Enter" to skip to content

နှစ်နိုင်ငံနယ်စပ်လူမဲ့ဇုန်တွင် ရိုဟင်ဂျာများ သောင်မတင်ရေမကျ အခြေနေဖြင့်ကျန်ရှိနေ

မြန်မာစစ်တပ်နှင့် တိုင်းရင်းသား ရခိုင်လက်နက်ကိုင် အဖွဲ့တို့ နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်နေချိန်တွင် ထောင်နှင့်ချီသော ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်များ မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် လူမဲ့ဇုန်တွင် နေထိုင်ကြရသည်မှာ ထိတ်လန့်စရာပဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်၏ လူမျိုးတုန်းစစ်ဆင်ရေးပြုလုပ်ချိန် ၂၀၁၇ခုနှစ်မှစ၍ ရာထောင်ချီသော ရိုဟင်ဂျာမွတ်စလင်များ မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြရပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံလျက်ရှိကာ ဒုက္ခသည်စခန်းသို့လည်း မဝင်ရောက်လိုသလို နေရပ်သို့လည်း မပြန်နိုင်သူအများပြားက နယ်စပ်လူမဲ့ဇုန်တွင်  သောင်မတင်ရေမကျ အခြေနေဖြင့် ရှိနေကြပါတယ်။

ရခိုင်ပြည်နယ် အနောက်ပိုင်းကို ဗုဒ္ဓဘာသာအများစု နေထိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရရှိရန် မြန်မာအစိုးရနှင့် ရခိုင်လက်နက်ကိုင်များ တိုက်ခိုက်နေကြကာ ရိုဟင်ဂျာများ အနေနှင့် ထိုစစ်ပွဲဘေးတွင် အငိုက်မိလျက် ရှိနေကြပါတယ်။

ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြသည့် မြန်မာနိုင်ငံတွင် လူနည်းစု ရိုဟင်ဂျာများ အနေနှင့် နှိပ်စက် ညှင်းပမ်းမှုများ ခံနေကြရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် လူမျိုးရေး နှင့် ဘာသာရေး အစွန်းရောက်များကြောင့် ရခိုင်ပြည်နယ် အနောက်ပိုင်းမှာ  ဆုတ်ယုတ် ကုန်ခမ်းခြင်းပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခိုလှုံနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များတွင် မြန်မာစစ်တပ်များနှင့် ဗုဒ္ဓဘာသာ အုပ်စုများမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများ၊ မီးရှို့ဖျက်စီးခြင်းများနှင့် မုဒိမ်းကျင့်ခြင်းတို့ပြုလုပ်ခဲ့သည့် အသေးစိတ်အချက်အလက်များ ရှိနေပါတယ်။

မြန်မာအစိုးရအနေနှင့် အမှန်တရားကို ငြင်းဆန်ကာ ရိုဟင်ဂျာအကြမ်းဖက်များမှ ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်သောကြောင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်းသာဖြစ်ကြောင်း လိမ်လည်ပြောဆိုလျက် ရှိပါတယ်။ မြန်မာနိုင်ငံမှ တစ်ဘက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသည့် ရိုဟင်ဂျာမွတ်စလင်များ နေရပ်ပြန်ရေး အတွက်လည်း မြန်မာအစိုးရအနေနှင့် ယခုထိတိုင်မည်သည့် အာမခံချက်မှ ပေးနိုင်ခြင်း မရှိသေးပေ။

Source: phnompenhpost
photo credit: japantimes

More from မြန်မာMore posts in မြန်မာ »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.