ရသေ့တောင်မြို့နယ် ပန်းကိုင်းကျေးရွာရှိ ဒုက္ခသည် စခန်းသို့ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းဝင်ရောက်၍ လူပေါင်းများစွာ ဖမ်းဆီးပြီး နှိပ်စက်နေ

Thidar
By Thidar August 23, 2017 09:32

ရသေ့တောင်မြို့နယ် ပန်းကိုင်းကျေးရွာရှိ ဒုက္ခသည် စခန်းသို့ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းဝင်ရောက်၍ လူပေါင်းများစွာ ဖမ်းဆီးပြီး နှိပ်စက်နေ

RVision TV News

၂၃ . ၀၈ . ၂၀၁၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်နယ်မြေအပိုင် ဆိုဖရာ(ခ) ပန်းကိုင်းကျေးရွာရှိ ဒုက္ခသည် စခန်းသို့ ဒီကနေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး တွေ့သမျှ ရိုဟင်ဂျာတွေကို ရိုက်နှက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်တွင် စေတီပြင်နယ်မြေအပိုင် ပန်းကိုင်းကျေးရွာသို့ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဝင်ရောက်ပြီး ကျေးရွာတစ်ရွာလုံးကို ဝိုင်းရံပိတ်ဆို့ကာ တစ်အိမ်တက်တစ်အိမ်ဆင်းနည်းဖြင့် စီးနင်းရှာဖွေပြီး ကလေးငယ်များပါမကျန် တွေ့ရှိသမျှ ရွာသားအားလုံးကို လူမဆန်စွာ ရိုက်နှက်နေကြောင်းနှင့် အမျိုးသမီးများအပါအဝင် လူအမြောက်အမြှား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက သတင်းပေးပို့ထားပါတယ်။ သို့သော် ယခုအချိန်အထိ လူဦးရေ မည်မျှ ဖမ်းဆီးခံရတယ်ဆိုတာ အတိအကျ မသိရသေးပါ။ ထို့နောက် ၎င်းပူးပေါင်းတပ်ဖွဲ့တို့က ယခုအချိန်ထိ ဆက်လက်စီးနင်းရှာဖွေနေဆဲပါလို့လည်း ဒေသခံများက ပြောပါတယ်။

ထို့ကြောင့် ရွာသားများ အလွန် စိုးရိမ်ကြောင့်ကြမှုနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရှိရပါတယ်။

ဆက်လက်၍ သြဂုတ်လ ၂၁ ရက်နေ့တွင်လည်း မောင်တောမြို့၊ ရေနောက်ငါးသာကျေးရွာတွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့စဉ် လူ (၄) ဦး ဖမ်းဆီးခဲ့ပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ ဖမ်းဆီးခံရတဲ့ လူ (၄) ဦးထဲမှ (၂) ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိခဲ့တာနှင့် ပတ်သက်ပြီး နောက်ဆုံးသိရတာကတော့ (၁) ဦး လုံးဝ သေဆုံးခဲ့ပြီး နောက်တစ်ဦး သေဆုံးကြောင်း မသေချာဘူးလို့ ရွာသားများမှ သိရှိရပါတယ်။ သေဆုံးခဲ့သူမှာ ရေနောက်ငါးသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦး ကာမာလ် ဖြစ်ကြောင်းနှင့် ကျန် (၂) ဦးမှာ ကျန်းမာရေး အခြေနေ အသည်းအသန် ဖြစ်နေကြောင်းလည်း ပြောပါတယ်။

ထို့အပြင် ဖမ်းဆီးခံထားရသူတွေရဲ့ နေအိမ်များသို့ နယ်ခြားစောင့်ရဲများသွားရောက်ပြီး ငွေကျပ် (၂) သိန်း လုယူခဲ့တဲ့အပြင် မြေတူးဖော် စစ်ဆေးခဲ့ကြောင်းလည်း ဒေသခံများက ဆိုပါတယ်။

 

Thidar
By Thidar August 23, 2017 09:32

Subscribe

Archives

Subscribe

Archives