Press "Enter" to skip to content

ရသေ့တောင်မှာ အာဏာပိုင်တွေရဲ့ အားပေးအားမြှောက်မှုကြောင့် ရခိုင်အစွန်းရောက်ဝါဒီတွေက သားအဖ ဖြစ်သူ ရိုဟင်ဂျာ ၃ ဦးကို ခေါင်းဖြတ်သတ်

By Rohingya Eye ၊ RVision TV News

၀၁. ၀၈. ၂၀၁၇

ရသေ့တောင် ။     ။ အာရ်ကာန်ဒေသ ရသေ့တောင်မြို့နယ်မှာ ရခိုင် အစွန်းရောက်ဝါဒီတွေကို  ဒေသ လက်နက်ကိုင်တပ်ဖွဲ့ တွေက အားပေးအားမြှောက်မှုကြောင့် အနောက်ဘက်အထက်နန်းရာကျေးရွာမှ သားအဖ ဖြစ်သူ ရိုဟင်ဂျာ လယ်သမား ၃ ဦးကို လယ်ထဲမှ ဖမ်းဆီးခေါ်ဆောင်သွား၍ ခေါင်းဖြတ်သတ် ခဲ့ကြောင့် သိရပါတယ်။

အဲဒီ သားအဖ ဖြစ်သူ ရိုဟင်ဂျာ လယ်သမား ၃ ဦးဟာ စေတီပြင်ကျေးရွာမှ ဦးဝင်းမောင် ပိုင်လယ်မြေကို မိုးစပါးစိုက်ဖို့ အငှားယူပြီး လယ်ထဲဆောက်ကာ ထယ်ထိုးနေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀) ရက်နေ့မှာ သားအဖ ၃ ဦးစလုံးဟာ ထယ်ထိုးပြီး ညအချိန်တွင် လယ်ထဲမှာ အိပ်နေစဉ် ည ၁း၀၀ နာရီလောက်မှာ ဗုဒ္ဓဘာသာဝင် ရခိုင် အစွန်းရောက်ဝါဒီ အယောက် ၂၀ ခန့်ဟာ တုတ်နဲ့ ဓားတွေကိုင်ဆောင်လာရောက်ပြီး ၃ ဦးစလုံးကို ကြိုးနဲ့ချည်နှောင်ကာ အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်ခဲ့ပါတယ်။

အဲဒီသားကောင်တွေဟာ ရိုဟင်ဂျာ မွတ်ဆလင်ဖြစ်လို့ ရခိုင် အစွန်းရောက်ဝါဒီတွေက အရှင်မလွတ်ဘဲ သူတို့ကိုင်ဆောင်လာခဲ့တဲ့ ဓားတွေနဲ့ ခုတ်သတ်ပြီး နှစ်ဦးရဲ့ ခေါင်းတွေကို ဖြတ်ယူခဲ့ကြောင်း ဒေသခံတွေက RVision ကို ဆက်သွယ်ပြောကြပါတယ်။

အသတ်ခံရသူတွေဟာ-

၁။ အီမာန်ဟူးဆောန် (ဘ) အဒူဂေါ်နီ (အသက် ၅၃) နှစ်၊

၂။ နိုရ်ဟာကိမ်း (ဘ)ဦး အီမာန်ဟူးဆောင် (အသက် ၂၁) နှစ်နဲ့

၃။ နိုရ်အာလောမ် (ဘ)  ဦး အီမာန်ဟူးဆောင် (အသက် ၂၀ ) နှစ်တို့ ဖြစ်ကြပါတယ်။

ရခိုင် အစွန်းရောက်ဝါဒီတွေက သားအဖ ၃ ဦးစလုံးကို ခေါင်းဖြတ်သတ်ပြီး အဲဒီမြို့နယ်၊ ချွတ်ပြင်ကျေးရွာ အုပ်စုရဲ့ ဇော့ပြင်ချောင်းထဲမှာ ဝေးပစ်ခဲ့တာဖြစ်လို့ မျောနေတဲ့အလာင်းတွေကို မနေ့ ဇူလိုင်လ (၃၁) ရက်၊ မွန်းလွဲ ၂ နာရီကျော် အချိန်တွင်  ကျဉ်ထောင်ကျေးရွာသားတွေက မြင်တွေ့ခဲ့ပါတယ်။

မြင်တွေ့ခဲ့တဲ့ ရွာသားတွေက အလောင်းတွေကို သယ်ယူလာဖို့ ကြိုးစားခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကျော်ကျော်က အလောင်းတွေကို စစ်ဆေးပြီးမှ မြေမြှုပ်ရမယ်လို့ ပြောဆို ဟန့်တားခဲ့တဲ့အတွက် သူတို့က အလောင်းတွေကို ချောင်းကမ်းနားမှာ ကျန်ထားပြီး ကျေးရွာကို ပြန်လာခဲ့ကြောင်း ပြောဆိုပါတယ်။

ဒီသတင်းကို နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပေးပေမယ့် လူသတ်သမားတွေဟာ  ဒေသ လက်နက်ကိုင်တပ်ဖွဲ့တွေက အားပေးအားမြှောက်နေတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင် အစွန်းရောက်ဝါဒီတွေ ဖြစ်လို့  လူသတ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာမှ မဖော်ပြဘဲ “လူသေအလောင်း ၃ လောင်းတွေ့ရှိ” တယ်ဆိုပြီးရေးတာကို သုံးသပ်မယ်ဆိုရင်  မြန်မာအစိုးရကိုယ်တိုင် ရိုဟင်ဂျာမွတ်ဆလင်တွေကို သတ်ဖြတ်ဖို့ ဘာသာတူ ရခိုင်တွေကို လွှတ်ထားနေတာဟာ ပြတ်သားနေ တယ်လို့  ဒေသလူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက ပြောပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.