Press "Enter" to skip to content

ရိုဟင်ဂျာ အမျိုးသမီးတွေကို မုဒိမ်းကျင့်မှုဟာ စနစ်တကျ နဲ့ လူမျိုးတုံးသုတ်သင်မှုဖြစ်ကြောင်း AP သတင်းဌာနမှ စုံစမ်းမေးမြန်းတွေ့ရှိ

RVision TV News

၁၂ . ၁၂. ၂၀၁၇

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာအမျိုးသမီးတွေကို မုဒိမ်းကျင့်မှုဟာ စနစ်တကျ နဲ့ လူမျိုးတုံးသုတ်သင်မှု ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံရောက် ရိုဟင်ဂျာအမျိုးသမီး ၂၉ ယောက်ကို Associated Press (AP) သတင်း ဌာနမှ လူတွေ့မေးမြန်းတွေ့ရှိခဲ့တယ်လို့ Online သတင်းစာမှာ ဖော်ပြရေးသားခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံပြီး မသေ၍ကျန်ရစ်တဲ့ အဲဒီအမျိုးသမီးတွေကို ဒုက္ခသည်စခန်းများထဲတွင် သီးသန့် စွာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လူတွေ့မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

မြန်မာတပ်မတော်တွေရဲ့ လက်ထဲမှာ မုဒိမ်းကျင့်ခံ အမျိုးသမီးတွေရဲ့ အမည်နာမတွေ ရရှိပေမယ့် သူတို့ရဲ့ နာမည်တွေ ကို အပြည့်အဝ ဖော်ပြထားခြင်းမရှိတဲ့ အကြောင်းရင်းမှာ သူတို့ကို ဒါမဟုတ် သူတို့ရဲ့ မိသားစုတွေကို မြန်မာတပ်မ တော်တွေက တစ်နေ့ တစ်ခါ သတ်ဖြတ်လိမ့်မည်ကို ကြောက်လန့်လို့ဖြစ်ကြောင်း AP သတင်းစာမှာ ရေးသားထား ပါတယ်။

မုဒိမ်းကျင့်ခံ အမျိုးသမီးတွေဟာ အာရ်ကာန်မြောက်ပိုင်းဒေသရဲ့ ကျေးရွာအသီးသီးမှ ထွက်ပြေးခဲ့သူများဖြစ်ပြီး  အ သက်ဟာ ၁၃ နှစ်မှ ၃၅ နှစ်အတွင်းဖြစ်ကြောင်း၊ အဲဒီအမျိုးသမီးတွေကို မြန်မာတပ်မတော်တွေက ၂၀၁၆ ခုနှစ် အောက်တိုဘာလ နဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ရိုဟင်ဂျာ အမျိုးသမီးတွေကို ဘယ်နည်းနဲ့ ဘယ်ပုံစံသုံးပြီး မုဒိမ်းကျင်တဲ့ ဇာတ်လမ်းတွေကို ကြားလိုက်ရတော့ မြန်မာ တပ်မတော်တွေဟာ လုံခြုံရေးအတွက် ယူနီဖောင်းဝတ်ဆင်ထားပြီး ဘယ်လောက်ထိ စက်ဆုပ်ဖွယ်ကောင်းတဲ့ ကိုယ်ထိလက်ရောက်ရန်ပြုသူတွေ ဖြစ်လာနိုင်တာကို တွေးကြည့်နိုင်ကြောင်း ပြောပါတယ်။

AP သတင်းဌာနမှ ရရှိထားတဲ့ သက်သေအထောက်အထားတွေဟာ ကမ္ဘာ့ကုလသမဂ္ဂမှ မြန်မာလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေကို ထိတ်လန့်ကြောက်ရွံ့ဖို့ လက်နက်အနေနဲ့ အမျိုးသမီးတွေကို စနစ်တကျ မုဒိမ်းကျင့်ခဲ့တယ်လို့ပြောတဲ့ အဆိုကို ထောက်ခံအားပေးမည်လို့ ဆိုပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.