RVision TV News
၀၉. ၀၁. ၂၀၁၈
ရိုဟင်ဂျာတွေ လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့် မရမချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို အတင်း အဓမ္မ ပြန်မပို့ရန် ကမ္ဘာကို ရိုဟင်ဂျာခေါင်းဆောင်တွေက မနေ့ ဇန်နဝါရီ (ရ) ရက်နေ့တွင် အာမေရိကန်နိုင်ငံ Washington DC မြို့တော်မှာ အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီ သတင်းထုတ်ပြန်ချက် တစ်စောင်ထုပ်ပြန်၍ တောင်းဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ Burma Task Force USA က ရိုဟင်ဂျာဒုက္ခသည် တွေကို နှစ်လ အရင်က ထွက်ပြေးလာခဲ့ရတဲ့ လူသတ်ကွင်းပြင်ကို အတင်းအဓမ္မ ပြန်မပို့နိုင်ရန် အမေရိကန်အစိုးရမှ အသေအချာလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ရိုဟင်ဂျာတွေရဲ့ ဘဝလုံခြုံရေးနဲ့အတူ နိုင်ငံသားအဖြစ် လက်ခံမယူပါက လူမျိုးတုံးရင်ဆိုင်နေရတဲ့ ကွင်းပြင်မှ လွှတ် မြောက်လာခဲ့တဲ့ သူတို့ရဲ့ ဇာတိနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို လုံးဝ ပြန်မပို့သင့်ကြောင်း Burma Task Force ရဲ့ ဥက္ကဋ္ဌ အီမာန် မာလဲခ်မူဂျာဟိတ် က ပြောပါတယ်။
ပြီးခဲ့တဲ့ နွေရာသီမှစပြီး အိုးအိမ်စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆၅၀၀၀၀ ကျော်ထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပြီး ၄င်းတို့ဟာ အားနွဲ့တဲ့ လူစုတစ်စုဖြစ်နေကြောင်း၊ မြန်မာ တပ်မတော်သားတွေ နဲ့ လူမှုရေးစိတ်ဓာတ် မရှိတဲ့ ရခိုင်သားတွေ ပူးပေါင်းပြီး ရိုဟင်ဂျာ ကျေးရွာပေါင်း ၃၅၀ ကျော်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း၊ အဲဒီလို ယုတ်မာတဲ့ စစ်တပ်က ရိုဟင်ဂျာတွေကို လုံခြုံရေးနဲ့တကွ သူတို့ရဲ့ နေရပ်ရင်းမှာ အခြေချနေထိုင်ခွင့် ဘယ်တော့မှ ပေးမည်မဟုတ်ကြောင်း Wisconsin အခြေစိုက် Rohingya American Society ရဲ့ ဥက္ကဋ္ဌ ရှုကာဟတ် ကျော်စိုးအောင် က သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။