Press "Enter" to skip to content

ရိုဟင်ဂျာ တံငါသည် တစ်ဦးကို လက်နက်ကိုင် ရခိုင် အကြမ်းဖက်သမားများက ထိုးနှက်ပြီး သတ်ဖြတ်

By RVision TV Correspondent

၁၀. ၀၁. ၂၀၁၈

ပေါက်တော ။    ။ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ရိုဟင်ဂျာ တံငါသည် တစ်ဦးကို လက်နက်ကိုင် ရ ခိုင်အကြမ်းဖက်သမားများက ထိုးနှက်ပြီး သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။

 ၂၀၁၈ခုနစ် ဇန်နဝါရီလ ၈ ရက်နေ့က ပေါက်တောမြို့နယ် သံတော်ကျေးရွာအုပ်စု စီကီပြင်ကျေးရွာသား  ရိုဟင်ဂျာ တံငါသည် မိုဟာမတ်အာမိန် (ဘ) နိုရ်ဟူးစိန်(အသက် ၃၇နှစ်)ဟာ အမြဲလိုလို ငါးဖမ်းပြီး အိမ်ပြန် လာခဲ့စဉ် လက်နက်ကိုင်ရခိုင်အကြမ်းဖက်သမားအဖွဲ့ တစ်ဖွဲ့က တိုက်ခိုက် ထိုးနှက်ပြီး သီးသန့်နေရာ တစ်နေရာမှာ ပစ်လွှတ်ခဲ့ပါတယ်။

အဲဒီ တံငါသည်ဟာ အိမ်ပြန်မလာခဲ့တဲ့အတွက် ဒေသခံများက သွားရှာခဲ့ရာ နောက်နေ့တွင် သူ့ကို ပြင်းထန် တဲ့ ဒဏ်ရာအများအပြားနဲ့ သွေးထွက်လွန်ပြီး သေဆုံးခဲ့တဲ့ အနေအထားမှာ တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

အသတ်ခံရတဲ့ တံငါသည် မိုဟာမတ်အာမိန် ဟာ  သူ့မိသားစုအတွက် ဝင်ငွေရရန် အသက်မွေးဝမ်းကြောင်း ဖြစ်တဲ့ ငါးဖမ်းခြင်းကိုလုပ်ကိုင်ဖို့  ဇန်နဝါရီလ ၈ ရက် မနက် ၆ နာရီအချိန်တွင် နေအိမ်မှ ထွက်သွားခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.