Press "Enter" to skip to content

ရိုဟင်ဂျာများထံမှ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းငွေညှစ်နေ

မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့ သရက်အုပ်ကျေးရွာ မင်္ဂလာအုပ်စုတွင် ၂၀၁၈ခုနှစ် သြဂုတ်လမှစပြီး ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့တို့ ပူးပေါင်းကာ ဒေသခံရိုဟင်ဂျာများထံမှ ငွေညှစ်လျက်ရှိကြောင်း သတင်းပေးပို့ထားပါတယ်။

ကျေးရွာနေ ဒေသခံ ရိုဟင်ဂျာများ အချင်းချင်း ကတောက်ကဆ ဖြစ်ခဲ့သည်ရှိသော် ကျေးရွာအုပ်ချုပ်ရေးမှူးများက ရွာတွင်ဖြေရှင်းပေးခြင်း မပြုလုပ်ပဲ နယ်ခြားစောင့်စခန်းသို့ ခြိမ်းခြောက် ခေါ်ဆောင်ကာ နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိစေရန် အဓိကထား ဖြေရှင်းမှုများ ပြုလုပ်မပေးသည့်အပြင် ကျပ်ငွေ တစ်သိန်းမှ ဆယ်သိန်း အထိ ငွေညှစ်ယူခြင်းများ ပြုလုပ်လျက်ရှိပါတယ်။

ထိုသို့ငွေညှစ်ခံရသူ ရိုဟင်ဂျာမွတ်စလင် အများပြားရှိနေသည့်ထဲတွင် ဦးအဒူရှော်ရိဗ်ထံမှ ငွေကျပ် တစ်ဆယ့်နှစ်သိန်း၊ ဦးအာနာယာတုလ္လာထံမှ ငွေကျပ် တစ်ဆယ့်တစ်သိန်း၊ ဦးချောမ်ချူးဧ။် ဇနီးဖြစ်သူထံမှ ငွေကျပ် သိန်းတစ်ဆယ်၊ ဦးအဘူရှားထံမှ ငွေကျပ် သုံးသိန်း၊ ဦးဖိုက်ဆဲလ်ထံမှ ငွေကျပ်သုံးသိန်းနှင့် ဦးအာဘူဖောယာစ်ထံမှ ငွေကျပ် သုံးသိန်းတို့ကို ရယူခဲ့ကြောင်း သိရှိရပါတယ်။

ကျေးရွာနေပြည်သူများဧ။် အခက်ခဲများကို ဖြေရှင်းပေးရန် ကျေးရွာ အုပ်ချုပ်ရေးမှူးများတွင် တာဝန်အပြည့်ဝ ရှိသော်ငြားလည်း မိမိတို့ တာဝန်ကို ကျေပွန်အောင် မလုပ်ဆောင်သည့်ပြင် နယ်ခြားစောင့်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်များထံမှ ငွေညှစ်ယူရန် ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်နေသည်ကို မြန်မာအစိုးရမှ ထိရောက်စွာအရေးယူမှု ပြုလုပ်ပေးသင့်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.