Press "Enter" to skip to content

“ရိုဟင်ဂျာဗွီးရှင်း မြန်မာ”အပေါ် မြန်မာအစိုးရ၏ စွပ်စွဲချက်များသည် လုပ်ကြံမှု သာဖြစ်

RVision TV News

၀၁ ၊ ၀၈ ၊ ၂၀၁၇

မြန်​မာအစိုးရက ရိုဟင်ဂျာ​လူထုအ​ပေါ် ခွဲခြားဆက်​ဆံသည့် ​ပေါ်လစီဖြင့်​ ဆယ်​စုနှစ်​များစွာ ဥပ​ဒေမဲ့ ညှဉ်းပန်း​နေခြင်းများနှင့်​ပတ်​သက်​၍ ဖြစ်​ရပ်​မှန်​ သတင်းမှန်​များကို ရိုဟင်ဂျာဗွီးရှင်းမှ အချိန်​နှင့်​တ​ပြေးညီ တင်​​ဆက်​လျက်​ရှိ​နေသည်​ဖြစ်​ရာ ယင်းကိုမြန်​မာအစိုးရအ​နေဖြင့်​ မခံနိုင်​မရပ်​နိုင်​ ဖြစ်​​နေလျက်​ရှိ​သည်​ကို ​တွေ့ရှိပါသည်​။

“Facebook (လူမှုကွန်​ရက်​ စာမျက်​နှာ) ​ပေါ်တွင်​ သတင်းမှားများ ဖြန့်​​ဝေ​နေသည့်​ ရိုဟင်​ဂျာ​ဗီးရှင်း မြန်​မာအပါအဝင်​ တရားမဝင်​အွန်​လိုင်းမီဒီယာများကို ထိ​ရောက်​စွာ ကိုင်​တွယ်​နိုင်​​ရေးအတွက်​ Facebook ကုမ္ပဏီ တာဝန်​ရှိသူများနှင့်​ ညှိနှိုင်းမှုများ ပြုလုပ်​​နေသည်​” ဆို၍ နိုင်​ငံ​တော်​သမ္မတရုံး ​ပြောရေးဆိုခွင့်​ရှိသူ ဦး​ဇော်​​ဌေးက ရိုဟင်​ဂျာ​ဗီးရှင်း မြန်​မာနှင့်​ ပတ်​သက်​၍ ဇွန်​လ ၂၇ ရက်​​နေ့တွင်​ သတင်းမီဒီယာများသို့ လုပ်​ကြံစွပ်​စွဲပြီး ​ပြောခဲ့သည်​ကို ​တွေ့ရှိရပါသည်​။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ ​ပြောကြားချက်​ကို မ​ရှေးမ​နှောင်း​ထောက်​ခံလာသည်​က မြန်​မာနိုင်​ငံ၏ ဘင်​လာဒင်​ဟု နာမည်​ဆိုးဖြင့်​ ​ကျော်​ကြား​သော မစိုးရိမ်​​ကျောင်းထိုင်​ အကြမ်းဖက်​ဘုန်းကြီး ဝီရသူဖြစ်​ပြီး ၎င်း၏ Facebook စာမျက်​နှာတွင်​ ဦး​ဇော်​​ဌေး၏ ​ပြောကြားချက်​ကို ချီးမွှမ်း၍ ​ရေးသားထားသည်ကို ​တွေ့ရှိရပါသည်​။

အကြမ်းဖက်​ဘုန်းကြီး ဝီရသူသည်​ မြန်​မာစစ်​တပ်​၏​ကျော​ထောက်​​နောက်​ခံအား​ပေးမှု ရရှိ​နေသူဖြစ်​၍ ပြည်​တွင်း၌ အမုန်းတရားများကို ဘာသာလူမျိုး အချင်းချင်းကြား တရားဝင်​လိုင်​စင်​ရထားသလို အမြဲတ​စေ ဟောကြား ​ဖြန့်​​​ဝေနေသူဖြစ်​ပြီး ၎င်းက ဦး​ဇော်​​ဌေး၏ ​ပြောကြားချက်​ကို ​ထောက်​ခံခဲ့သည်​မှာ ရိုဟင်​ဂျာလူထုအ​ပေါ် ဥပ​ဒေမဲ့ ညှဉ်းပန်း​နေခြင်းများတွင်​ အလိုတူသူတစ်​ဦး ဖြစ်​​ကြောင်း သက်​​သေခံ​နေခြင်း ဖြစ်​ပါသည်​။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက ရိုဟင်​ဂျာများသည်​ ကမ္ဘာ့အဖိနှိပ်​ခံရဆုံး လူနည်းစုဖြစ်​သည်​ဟု သတ်​မှတ်​ထားပြီး ​ခေတ်​အဆက်​ဆက်​ မြန်​မာအစိုးရ၏ စီမံကိန်းကျ​သော ခွဲခြားမှု၊ ဥပ​ဒေမဲ့ ညှဉ်​ပန်းနှိပ်​စက်​မှုများကို အလူးအလဲ ခံစား​နေရသူများဖြစ်​ကြပြီး အ​ခြေခံအခွင့်​အ​ရေးအပါအဝင်​ နိုင်​ငံသားအခွင့်​အ​ရေးများကို လုံးဝဥဿုံး ဆုံးရှုံးခံ​နေရသူများဖြစ်​ကြသည်​။ ယခုအခါ ရိုဟင်​ဂျာများ၏ အ​ခြေအ​နေသည်​ အဆိုးဆုံးအ​ခြေအ​နေသို့ ​ရောက်​ရှိ​နေပြီး လူမျိုးတုံးသတ်​ဖြတ်​ခံ​နေမှု၏ ​နောက်​ဆုံးအဆင့်​ပင်​ ​ဖြစ်​​နေသည်​ဟု နိုင်​ငံတကာ ပညာရှင်​များ၊ လူ့အခွင့်​အ​ရေးလှုပ်​ရှားသူများက မှတ်​ချက်​ပြု သတိ​ပေးထားသည်​။

ရိုဟင်ဂျာဗွီးရှင်းသည်​ ​ရခိုင်​ပြည်​ရှိ ရိုဟင်​ဂျာများအ​ပေါ် နေ့စဉ်​ဖြစ်​ပွား​နေ​သော လူ့အခွင့်​အ​ရေးချိုး​ဖောက်​မှုများကို နိုင်​ငံတကာအသိုင်းအဝိုင်းကသိ​အောင်​ စနစ်​တကျ ​​ဆောင်​ရွက်​​နေသည့်​ သတင်းမီဒီယာတစ်​ခုဖြစ်​ပြီး ဘက်​လိုက်​မှုကင်းကင်းနှင့်​ သတင်းတင်​ဆက်​​နေ​ကြောင်း ဖြစ်​ပါသည်​။ သတင်းများကို အင်္ဂလိပ်​ဘာသာ၊ မြန်​မာဘာသာနှင့်​ ရိုဟင်​ဂျာဘာသာ သုံးမျိုးဖြင့်​ ရုပ်​သံနှင့်​ Press ပုံစံ နှစ်​မျိုးစလုံး တင်​ဆက်​​နေ​ကြောင်း ဖြစ်​ပြီး နိုင်​ငံ​တကာ၏ ​ထောက်​ခံအား​ပေးမှုကိုလည်း ရရှိ​နေသည့်သတင်းဌာနတစ်​ခု ဖြစ်​ပါသည်​။

သတင်းများကို တင်​ဆက်​ရာတွင်​ သတင်းတိကျမှန်​ကန်​မှုကို ဦးစား​ပေးပြီး ဘက်​မလိုက်​​သော မူကိုလက်​ကိုင်​ထားသည့်​ သတင်းဌာနတစ်​ခုဖြစ်​သည့်​အ​လျောက်​ သတင်းတိုင်းနှင့်​ ပတ်​သက်​၍လည်း တာဝန်​ခံမှု အပြည့်​ရှိပါသည်​။ “ရိုဟင်ဂျာဗွီးရှင်း-မြန်​မာ”က သတင်းအမှားများ ထုတ်​လွှင့်​​နေသည်​ဟု နိုင်​ငံ​တော်​သမ္မတရုံး၏ စွပ်​စွဲချက်​များသည်​ လုံးဝအ​​ခြေအမြစ်​ မရှိ​သည့်​ လုပ်​ကြံစွပ်​စွဲချက်​များကို ရိုဟင်ဂျာဗွီးရှင်းမှ ပြင်းပြင်းထန်​ထန်​ ရှုတ်​ချပါသည်​။

ရိုဟင်ဂျာဗွီးရှင်းသည်​  မှတ်​ပုံတင်​ထားသည့် တရားဝင်​ သတင်းမီဒီယာတစ်​ခုဖြစ်​ပြီး သတင်းကို လွှင့်​ချင်​တိုင်း လက်​လွယ်​စပယ်​ လွှင့်​၍ရ​နေ​သော သတင်းဌာနတစ်​ခု မဟုတ်​ပေ။

ရိုဟင်ဂျာဗွီးရှင်းသည်​ မြန်​မာအာဏာပိုင်​များက ရိုဟင်​ဂျာလူထုအ​ပေါ် လူမျိုးတုံးစစ်​ပွဲဆင်​နွှဲ​နေခြင်းကို နိုင်​ငံတကာအသိုင်းအဝိုင်းကသိ​အောင်​ မီး​မောင်းထုတ်​ပြ နေခြင်းမှာ လူမျိုးတုံးသတ်​ဖြတ်​မှုဆိုင်​ရာ ရာဇာဝတ်​​ကောင်​များအတွက်​ အနာ​ပေါ် တုတ်​ကျသလို ဖြစ်​​နေ၍ ရာဇာဝတ်​​ကောင်​များ ယခုလို မခံမရပ်​နိုင်​ ဖြစ်​​နေသည်​ဟု ယူဆရပါသည်​။

သို့ဖြစ်​၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦး​ဇော်​​ဌေး၏ စွပ်​စွဲချက်​များသည်​ လုပ်​ကြံစွပ်​စွဲမှုသာဖြစ်​၍ ရိုဟင်ဂျာဗွီးရှင်းသတင်းဌာနမှ ကန့်​ကွက်​ ပယ်​ချလိုက်​ပါသည်​။

 

 

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အယ်ဒီတာ့အာဘော်More posts in အယ်ဒီတာ့အာဘော် »
More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.