Press "Enter" to skip to content

ရိုဟင်ဂျာပိုင်မြေများအား အာဏာပိုင်များက အဓမ္မသိမ်းယူကာ ကားလမ်းဖောက်ရန် ပြင်ဆင်နေ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်အဖွဲ့များက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် နန်းရာကုန်း ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ကူးတို့ဆိပ် ကျေးရွာအရှေ့ဘက်ရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို သိမ်းဆည်းပြီး ကားလမ်းဖေါက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆိုင်းဘုတ် စိုက်ထူခဲ့ပါတယ်။

ကားလမ်းဖောက်ရန် ပြင်ဆင်နေသော နန်းရာကုန်းကျေးရွာမှ လယ်ယာမြေများ၏ မူလပိုင်ရှင်များမှာ ရိုဟင်ဂျာများ ဖြစ်ကြပြီး ထိုလယ်မြေများကို အဓမ္မသိမ်းဆည်း ခံထားရခြင်းပဲ ဖြစ်ပါတယ်။ လယ်ယာမြေ ပိုင်ရှင်များ၏ သဘောတူညီမှု မရရှိပဲ မတရား သိမ်းဆည်းပြီးနောက် ကားလမ်းဖေါက်ရန် ပြင်ဆင်လျက် ရှိသည်ကို မြင်တွေ့ရသဖြင့် မူလပိုင်ရှင်များ အနေနဲ့ လွန်စွာ သောကရောက်နေ ကြရပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် ဆိုင်းဘုတ်နှင့် အလံများ စိုက်ထူထားသည့် နေရာများကို ဘူဒိုဇာဖြင့် လမ်းဖေါက်နေစဉ် မူလလယ်ယာမြေ ပိုင်ရှင်များက “ကျနော်တို့ရဲ့ သဘောတူညီချက် မရရှိပဲ ဘာကြောင့် ဒီလိုလုပ်နေရတာလဲ” ဟု မေးမြန်ရာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဒီမြေတွေက အစိုးရပိုင်မြေဟုပြောပြီး မြေထိုးစက်ဖြင့် ဆက်လက် လမ်းဖေါက်နေကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။

၂၀၁၈ ခုနှစ်ဒီဇင်ဘာလ (၆) ရက်နေ့တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရခိုင်သား၊ ဦးမောင်ကာလူ၊ ဦးဇော်ဝင်းတို့ပါဝင်သည့် (၆) ဦးပါအဖွဲ့တစ်ဖွဲ့သည် နန်းရာကုန်း ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ကူးတို့ဆိပ်ကျေးရွာရှိ အစိုးရမူလွန်ကျောင်း၏ အရှေ့ဘက် ပေ(၆၀)ခန့် အကွာတွင်ရှိသော ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေ (၂.၅)ဧက တို့ကိုလည်း သိမ်းဆည်းကာ စေတီနှင့်ဓမ္မာရုံ ဆောက်လုပ်ခဲ့ကြောင်း သိရှိရပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ ပြုလုပ်တဲ့အပြင် ထိုသူတို့ ပိုင်ဆိုင်သော အိုးအိမ်စည်းစိမ်များကို မြန်မာအစိုးရမှ မတရားသဖြင့် သိမ်းပိုက်ပြီး နိုင်ထက်စီးနင်းများ ဆက်လက် ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.