Press "Enter" to skip to content

ရိုတိုင်းရင်းသားတွေကို မောင်းထုတ်ပြီး တရုတ်နဲ့မြန်မာ တို့ရဲ့ ကျောက်ဖြူ စီမံကိန်း

03.10.2018

၂၀၁၂ခုနစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ညပိုင်းအချိန်တွင်စတင်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကို ရခိုင်အစွန်းရောက်များနဲ့ စစ်တပ်၊ မြန်မာအာဏာပိုင်များပူးပေါင်းပြီး ဒေသခံရိုဟင်ဂျာတွေရဲ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးရုံတင်မက ဒေသခံများကိုလည်းညှင်းပန်းနှိပ်စက်သတ်ဖြတ်တာကြောင့် ကျောက်ဖြူဒေသခံများက စက်လှေများဖြင့် ဘိုးဘွားပိုင်မြေများကို စွန့်ခွာကာ ထွက်ပြေးခဲ့ကြရပြီး အချို့မှာ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများလည်းရှိကြပါတယ်။

အပြစ်မဲ့ကျောက်ဖြူဒေသခံရိုဟင်ဂျာတွေက ၄င်းတို့ ဘိုးဘွားပိုင်မြေယာတွေကို စွန့်ခွာထွက်ပြေးသွားပြီးတဲ့နောက်မှာတော့ အာဏာပိုင်များက ရိုဟင်ဂျာတွေရဲ့လယ်မြေတွေကိုသိမ်းယူခဲ့ကာ ယခု ၄င်းမြေယာများတွင် အထူးစီမံကိန်း ၂ခုကို အကောင်အထည်ဖော်ဖို့ တရုတ်နဲ့ မြန်မာကြား သဘောတူညီလိုက်ကြောင်း သိရပါတယ်။

အကျိုးအမြတ်အနေနဲ့ တရုတ်က ၈၅ ရာခိုင်နှုန်း မြန်မာက ၁၅ ရာခိုင်နှုန်းသာရဖို့ လျာထားခဲ့ပေမဲ့ မြန်မာဘက်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မှုပမာဏအရ အကျိုးအမြတ်ကလည်း ပိုရနိုင်တာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး က ပြောပါတယ်။

ကနဦးရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဒေါ်လာ ၁ ဘီလီယံကျော်နဲ့ စတင်မှာဖြစ်ပြီး အကျိုးအမြတ်အနေနဲ့ စာချုပ်ပါ အချက်အလက်တွေအရ တရုတ်က ၇၀ ရာခိုင်နှုန်းနဲ့ မြန်မာက ၃၀ ရာခိုင်နှုန်းရရှိမှာဖြစ်ကြောင်းသိရပါတယ်။

ကျောက်ဖြူမြို့နယ်က ဒေသခံရိုဟင်ဂျာတွေပိုင်တဲ့ မြေဧက ၄၀၀၀ ကျော်မှာ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် SEZ ကို တည်ဆောက်မှာဖြစ်ပြီး  တရုတ်နိုင်ငံဘက်က အစိုးရပိုင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ကော်ပိုရေးရှင်းကို အမည်ပြောင်းထားတဲ့ CITIC Group က အကောင်အထည်ဖော်မှာဖြစ်ကြောင်း ဦးအောင်စိုးက ဖြည့်စွပ်ပြောဆိုခဲ့ပါတယ်။

အရင်ဦးဆုံး ရေနက်ဆိပ်ကမ်းလုပ်ငန်းကို စတင်မှာဖြစ်ပြီး စက်မှုဇုန်အနေနဲ့ အဲဒီဒေသမှာထွက်ရှိတဲ့ ရေလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းတွေနဲ့ တခြားစက်မှုလက်မှုလုပ်ငန်းတွေကိုလည်း ဆက်လက်အကောင်အထည်ဖော်မှာလို့ ပြောပါတယ်။

ကနဦးကတည်းက ကျောက်ဖြူမြို့နယ်မှာ တရုတ်နဲ့မြန်မာ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ ၇ဘီလီယံစတင်ဖို့ ယာထားခဲ့တာကြောင့် ဒေသခံရိုဟင်ဂျာတွေကို နည်းမျိုးစုံသုံးပြီး မီးရှို့သတ်ဖြတ် မောင်းထုတ်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး  မလေးရှားအပါအ၀င် အခြားအာရှနိုင်ငံတွေကလည်း မြန်မာကြွေးမြီးတင်မှာကို စိုးရိမ်နေကြပါတယ်။

Mission News Theme by Compete Themes.