Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ် ကိုယ်ဝန်ဆောင် အမျိုးသမီးများဧ။် ထောက်ပံ့ငွေများ ခေါင်းပုံဖြတ်ခံရ

ဘူးသီးတောင်။       ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ အုပ်ချုပ်ရေးဌာနများတွင် ကိုယ်ဝန်ဆောင်များရရှိနေသော ထောက်ပံ့ငွေများကို ရုံးစာ​ရေး၊​ ကျေးရွာစာ​ရေးများနှင့် ရခိုင်​အုပ်​ချုပ်​​ရေးမှူးတို့ပူး​ပေါင်းကာ​ ခေါင်းပုံဖြတ်​စား​နေ​ကြောင်း သိရှိရပါသည်​။

ထိုကဲ့သို့ ခေါင်းပုံဖြတ် နေခြင်းကို ဒေသခံ ရိုဟင်​ဂျာများက တိုင်​တန်း​ခဲ့သော်​လည်း ​ခေါ်ယူဆုံးမခြင်း မရှိသည့်အပြင် အရေးယူပေးခြင်းလည်း မရှိပါ။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ​ကျောက်​ဖြူသာ​သေကံ​ကျေးရွာအုပ်​စုဧ။်အုပ်​ချုပ်​​ရေးမှူးဖြစ်သူ ဦး​မောင်​​ကေထွန်း(ခ)​ ယောတုက အချို့ ကိုယ်​ဝန်​​ဆောင်​အမျိုးသမီးများကို ၄၀၀၀၀ မှ ၆၅၀၀၀ ကျပ်​ထိ​ပေးချေသော်လည်း  မ​ဂျော်​​နော်​တာရာ (ဘ) မာမတ်​အာယုပ်နှင့် အခြားသော ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ၁၀၀၀၀ ကျပ်​သာ​ပေး၍ ​ခေါင်းပုံဖြတ်​​စားခဲ့သည်​။ ဤသို့ ပြုလုပ်နေခြင်းကို မြို့နယ်​ အုပ်​ချုပ်​​ရေးမှူးထံတိုင်​ကြားခဲ့​သော်​လည်းဦးမောင်ကေထွန်းဧ။် ဦးလေးအရင်းသည် မြို့နယ်​ဒုအုပ်​ချုပ်​​ရေးမှူးဖြစ်နေ၍ အရေးယူ ဖြေရှင်း​ပေးခဲ့ခြင်းမရှိပါ။

ထို့​နောက်​ ၂၈ ရက် ၁၁လ ၂၀၁၈ခု​​နှစ်တွင် ရွာသူ/သားများက အထက်​အရာရှိများထံသို့ ထပ်မံ တိုင်​ကြားခဲ့ကြရာ ၎င်းတိုင်​​ကြားမှုအ​ပေါ် အသေးစိတ် ပြန်လည် စစ်​​ဆေးတင်ပြရန်​ ညွှန်​ကြားခဲ့​ပါတယ်။၎င်းညွှန်ကြားချက်အရ   ၇ ရက် ၁၂ လ ၂၀၁၈ ခု​နှစ် နံနက် ​၁၀နာရီတွင်​ ကိုယ်​ဝန်​​ဆောင်​အမျိုးသမီး  ၄၀ ​ကျော်​တို့ကိုခေါ်ယူကာ တစ်​​နေ့ကုန်​ ထိုင်​​စောင့်ခိုင်းပြီးမှ နောက်နေ့မှသာ  ပြန်လာခဲ့ပါဟု​ပြောဆို ပြန်လွတ်​​လိုက်တဲ့အတွက်ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အတွက် အိမ်ပြန်ရန်ပင် အလွန်အခက်ခဲ ဖြစ်ခဲ့ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီး  ၄၀ ဦးထဲတွင် ပါဝင်ခဲ့သူတစ်ချို့ဧ။်အမည်များမှာ ဟို​ဆော်​နာရာ​ဘေ​ဂေါမ်​(ဘ) အဘူ​ကော်​ဆိဒိက်​ (၂၂) နှစ်​၊ နုရ်​ခိုက်​ဒါ (ဘ)​ ဆွေ​ယောတူ​ဆောင်း (၂၃ ) နှစ်​၊ အာ​ယေရှား (ဘ) ​ရှော်​ဘီအူလ္လာ (၂၁) နှစ်​၊ ဆာဂျီဒါ (ဘ) မာမတ်​ဆီဒိက်​ ( ၂၆) နှစ်​၊ နုရ်​​ဘေ​ဂေါမ် ​(ဘ) မာမတ်​အာမိန်​ ( ၂၆ ) နှစ် နှင့် ဆေနိုဝါရာ (ဘ) အဘုလ်​​ဘော်​​ရှောရ်​ (၁၉) နှစ်​ တို့ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ အုပ်ချုပ်ရေးဌာနများတွင် တာဝန်ထမ်းဆောင်နေသော ရခိုင်တိုင်းရင်းသား ၀န်ထမ်းများက လူနည်းစု ရိုဟင်ဂျာလူမျိုးများအပေါ် ခေါင်းပုံဖြတ်မှု၊ ခြိမ်း​ခြောက်​ ငွေညှစ်​မှု နှင့် နှိပ်​စက်​မှုတွေ ဆက်တိုက် ပြုလုပ်လျက်ရှိပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.