Press "Enter" to skip to content

ဘူးသီးတောင်မြို့တွင် မြန်မာအစိုးရနှင့် လက်ကိုင်တုတ်များက အပြစ်မဲ့ရိုဟင်များကို ညှင်းပမ်းနှိပ်စက်နေ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တောင်ပိုင်း၊ ညောင်ချောင်းအုပ်စု၊ ဘုရားပြင်အောင်ပကျေးရွာတွင် ၂၀၀၅ခုနစ်မှစ၍ မြန်မာအာဏာပိုင်များနှင့် ၄င်းတို့၏ လက်ကိုင်တုတ် တစ်ချို့ ပူးပေါင်းကာ ကျေးရွာနေ အင်အားနည်း ရိုဟင်ဂျာများကို အဓမ္မပြုကျင့်မှု၊ ခြိမ်းခြောက် ငွေညှစ်မှုနှင့် ညှင်းပမ်း နှိပ်စက်မှုများ ပြုလုပ်နေကြောင်း ဒေသခံတစ်ချို့က သတင်းပေးပို့ထားပါတယ်။

ညောင်ချောင်းနယ်မြေမှ ရဲဘော်အောင်ဇော်ဝင်းအပါဝင် ရဲဘော်သုံးဦးနှင့် ၄င်းတို့၏ လက်ကိုင်တုတ်များက ရွာထဲသို့ ဝင်ရောက်ကာ ရွာသူ/သားများကို ခြိမ်းခြောက် ငွေညှစ်မှုများ ပြုလုပ်လျက် ရှိနေပြီး ငွေကြေးတောင်းခံမှုကို ပေးရန် ငြင်းဆန်သူများကို မတရားစွပ်စွဲကာ ထောင်ချမှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။

၂၀၀၅ခုနှစ်ကစပြီး မြန်မာစစ်သားများနှင့် သူတို့၏အပေါင်းပါများက ကျေးရွာနေ ရိုဟင်ဂျာများကို လူမဆန်စွာ ညှင်းပမ်းမှုတွေ ပြုလုပ်ရာတွင် ဆင်းရဲသားရိုဟင်ဂျာ မိသားစုများမှ အမျိုးသမီးများကို အိမ်အကူအဖြစ် ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့ပါတယ်။ထိုသို့ အဓမ္မပြုကျင့်ခြင်း ခံရသူများထဲမှ နှစ်ဦး၏ အမည်များမှာ ဦးအဘုလ်ဟရှိမ်း၏သမီး မဖါတေမာခါတူ အသက် (၂၈)နှစ် နှင့် ဦးမာဆောင်း၏ သမီးဖြစ်သူ ဖဖါတေမာ အသက်(၂၅)နှစ်တို့ ဖြစ်ကြပါတယ်။

ယခုချိန်တွင် မြန်မာအာဏာပိုင်များက အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသည့် ရိုဟင်ဂျာမွတ်စလင်တို့၏ ကျန်ရှိနေခဲ့သော နေအိမ်များကိုလည်း စိတ်တိုင်းကျ ရောင်းစားလျက်ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း ကျန်ရှိနေခဲ့သော အပြစ်မဲ့ ရိုဟင်ဂျာများ အနေနှင့် မတရားမှုတွေကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။

Photo Credit: BBC NEWS

More from အာရ်ကာန်More posts in အာရ်ကာန် »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.