Press "Enter" to skip to content

ဘူးသီးတောင်မြို့တွင် ကူးတို့ခများ ပိုမိုကောက်ခံနေကြောင့် ဆင်းရဲသူ/သားများ အခက်ခဲနှင့်ရင်ဆိုင်နေရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် စည်ပင်သာယာပိုင် ကူးတို့များက ၂၀၁၈ခုနှစ် ဧပြီလမှ စတင်ကာ ကူးတို့ဆိပ်မှ သွားလာနေသော ရိုဟင်ဂျာများထံမှ ကူးတို့ခများ ပိုမိုကောက်ခံ နေသောကြောင့် နေ့စဉ်သွားလာနေကြသော ဆင်းရဲသူ/သား ရိုဟင်ဂျာများ အနေနှင့် အခက်ခဲများကို ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ ထားပါတယ်။

ဘူးသီး​တောင်​ စည်​ပင်​သာယာပိုင်​ ကူးတို့များဖြစ်ကြသော စိုင်းဒင်​ဝ ကူးတို့နှင့် အတွင်းငှက်သေ၊ ဝရကျွန်း၊ ​ဇော်​​ဘော်​ ကူးတို့များ၏ ပုံမှန်​ကူးတို့ခမှာ ၂၀၀ကျပ် ဖြစ်​​သော်​လည်း ယခုအချိန်တွင်​ ၅၀၀ကျပ်နှုန်းဖြင့် ​ကောက်​​ခံ နေသောကြောင့် ဆင်းရဲသည့် ရိုဟင်ဂျာများ အနေနှင့် လွန်​စွာ ဒုက္ခ​ရောက်​​ရှိနေကြပါတယ်​။

ကွမ်းရွက်​ထမ်း​ရောင်းသူများ၊ ငါး​ခြောက်​ထမ်း​ရောင်​သူများ၊ ကြက်​ဥ/ဘဲဥ စသည်တို့ ​ရောင်းဝယ်​ပြီး ဆင်းရဲပင်ပမ်းစွာ လုပ်ကိုင်စား​သောက်​ နေရသော ရိုဟင်ဂျာများထံမှ ထမ်းပိုးအတွက်​ ၅၀၀ကျပ်နှင့် လူအတွက်​ ၅၀၀ကျပ် ​ပေး​နေရသဖြင့် အသွား/ပြန်​ ၂၀၀၀ကျပ်ပေးရန် မတတ်​နိုင်သူများ အနေနှင့် အခက်များကို ရင်ဆိုင်နေကြရပါတယ်။

၅၀၀ကျပ်တိတိ မ​ပေးနိုင်​သည့်အချိန်မျိုးတွင် အမျိုးသမီးများထံမှ ထီးလုယူခြင်း ၊ ပစ္စည်းသိမ်းယူခြင်းများပြုလုပ်​လျက်​ရှိတဲ့အပြင်​ စက်​ဆုပ်​ရွံရှာဖွယ်​ စကားလုံး အသုံးအနှုန်းများဖြင့် ရိုင်းပျစွာ ဆဲဆိုမှုတွေ ပြုလုပ်လျက် ရှိပါတယ်​။တောင်းရမ်းစားသောက်ကြရသော ဆင်းရဲသားများ အနေနှင့် တစ်​​နေ့တာ​​တောင်းရမ်း ရရှိငွေမှ အသွား/ပြန်​ ၁၀၀၀ကျပ်ပေးရန် မတတ်နိုင်သောကြောင့် ထိုသူတို့ထံမှ ​တောင်းရမ်းရရှိထား​သော ဆန်​နှင့်အခြားပစ္စည်းများကို လုယူခြင်းများ ပြုလုပ်​လျက်​ရှိပြီး မကြာခဏ ကိုယ်​ထိလက်​​ရောက်​ စော်ကားခြင်းလည်းရှိပါတယ်​။

ရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် အခက်ခဲတွေ၊ မတရားမှုတွေကို မြန်မာအစိုးရမှ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးခြင်းလည်း မရှိသလို အရေးယူခြင်းလည်း မရှိပေ။ ထို့ကြောင့် အာဏာပိုင်များအနေနှင့် နေ့စဉ်နှင့်အမျှ နိုင်ထက်စီးနင်းမှုတွေ ဆက်တိုက်ပြုလုပ်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.