Press "Enter" to skip to content

ဘူးသီးတောင်တွင် မြန်မာစစ်သားများနှင့် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာပိုင်နေအိမ်များသို့ ဝင်ရောက်ရှာဖွေစစ်ဆေး

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီး​တောင်​မြို့​တောင်​ပိုင်း၊ ဖိုး​ခေါင်​​ချောင်းအုပ်​စုတွင် မြန်မာစစ်သားများ​နှင့် နယ်​ခြား​စောင့်ရဲများက ကျေးရွာထဲသို့ဝင်ရောက်ကာ ရိုဟင်ဂျာမွတ်စလင်တို့၏ နေအိမ်များကို ရှာဖွေစစ်ဆေးခြင်းနှင့် အပြစ်မဲ့ရိုဟင်ဂျာများကို ဖမ်းဆီး ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ ထားပါတယ်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၅ရက်၊ နေ့လည် ၂နာရီခန့်က​ မြန်မာစစ်သားများ​နှင့် နယ်​ခြား​စောင့်ရဲများ ၁၅၀ ​ကျော်​ ​ရောက်​ရှိလာပြီး ရွာကိုပိတ်​ဆို့ကာ ဝင်ရောက်ရှာဖွေ စစ်ဆေးရာတွင် ဘာသာရေး ဆရာများ၏ နေအိမ်များလည်ပါဝင်ခဲ့ပြီး ရိုဟင်ဂျာများ၏ နေအိမ်၂၀ကျော်ခန့်ကို ဝင်ရောက် စစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။

ထိုသို့ ဝင်ရောက်ရှာဖွေပြီး ဦးအဒူလ်ဟာမိတ်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကာ ညနေ ငါးနာရီ အချိန်ခန့်တွင် ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ လက်​ရှိ အုပ်​ချုပ်​​ရေးမှူးတာဝန် ထမ်းဆောင်နေသော ​ ဦးဇော်​မိလ်​ဟူ​ဆောင်း၏ သားဖြစ်​သူ ​ရော်​ဘီအုလ်​ဟူ​ဆောင်း (၂၂)နှစ်​အား​  ​ညောင်​​ချောင်းနယ်​​မြေသို့ ဖမ်းစီး ခေါ်ဆောင်သွား​ခဲ့ပါတယ်​။

ပြစ်မှုတစ်စုံတစ်ရာ မရှိပဲ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူ ရော်ဘီအုလ်ဟူဆောင်းကို ယခုအချိန်ထိ ပြန်မလွှတ်ပေးကြောင်း ပြောဆိုထားပါတယ်။ အပြစ်မဲ့ ရိုဟင်ဂျာ မွတ်စလင်များကို မည်သည့်ပြစ်မှုမှ မရှိပဲ အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းများ ပြုလုပ်နေသည့်အတွက် ကျေးရွာနေ ရိုဟင်ဂျာများ အနေနှင့် စိုးရိမ်ပူပန်လျက် ရှိနေပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.