Press "Enter" to skip to content

ဘာသာရေးလွတ်လပ်ခွင့်ကို ဖိနှိပ်နေတဲ့ ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံများစာရင်းထဲတွင်  မြန်မာနိုင်ငံ ပထမဆုံး နေရာ ရရှိ

RVision TV News

05. 01. 2018

၁၉၉၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဥပဒေအရ ဘာသာရေးလွတ်လပ်ခွင့်ကို ဆက်လက်ပြီး ပြင်းပြင်းထန်ထန် စနစ်တကျ ဖိနှိပ်နေတဲ့ နိုင်ငံတကာ အစိုးရတွေကို အမေရိကန်အစိုးရရဲ့ CPC (Country of Particular Concern) လို့ခေါ်တဲ့ အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံစာရင်းထဲမှာ ထည့်သွင်း သတ်မှတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မနေ့ကထုတ်ပြန်လိုက်တဲ့ နှစ်စဉ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံဟာ လူနည်းစုကိုးကွယ်တဲ့ ဘာသာဝင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှု၊ သူတို့ ကိုးကွ ယ်တဲ့ ဘာသာရေး အဆောက်အဦးတွေ ဖြိုချဖျက်စီးခံရမှု၊ ဘာသာရေး မုန်းတီးအောင် လှုံဆော်မှုတွေ ရှိနေကြောင်းဆိုပြီး ဖေါ်ပြထားပါတယ်။

အထူးသဖြင့် ၂၀၁၇ခုနှစ်  ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ အရေးအခင်း နောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အင်အားအလွန်အကျွံသုံးပြီး နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာ ၆ သိန်း ကျော် သုံးလအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ကို လူမျိုးစုအ လိုက်ရှင်းလင်းဖယ်ရှားမှုအဖြစ် အမေရိကန်အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့် အခု ၂၀၁၇ခုနှစ် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံကို ပထမနေရာတွင် ပြန်ပြီး ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်က ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေအရ ဘာသာရေး လွတ်လပ်ခွ င့်နဲ့ ပတ်သက်ပြီး CPC လို့ခေါ်တဲ့ အထူး စိုးရိမ်နေရဆဲ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံဟာ ၁၉၉၉ ခုနှစ်က တည်းက စလို့ ၁၈ နှစ် ဆက်တိုက် သတ်မှတ်ခြင်း ခံထားခဲ့ရတာလည်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ CPC (Country of Particular Concern) လို့ခေါ်တဲ့ အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ ၁၀ နိုင်ငံစာရင်းမှာ မြန်မာ၊ တရုတ်၊ အီရီထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်၊ ဆော်ဒီအာရေဗျ၊ တာဂျီကစ္စတန်၊ တာခ်မေနီစတန် နဲ့ အူဇ်ဘာကစ္စတန်နိုင်ငံတို့ ဖြစ်ပါတယ်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.