Press "Enter" to skip to content

တူရကီ သံတမန်များ စစ်တွေရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှု

Rvision TV News, Saeed Arakani

၂၃.၀၃.၂၀၁၇

စစ်တွေ။                   ။၂၀၁၇ခုနှစ်၊ မတ်လ၊ (၂၁)ရက်၊ အင်္ဂါနေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တူရကီသံရုံးမှ သံအမတ်နှင့်အတူ သံတမန်ရေးရာ ၀န်ထမ်းများသည် စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။

ထို့နေ့ နေ့လည် (၁၂)နာရီက သံအမတ် H.E Murat Yavuz Ates နှင့် တူရကီ လူမှုရေးဆိုင်ရာ ပုဂ္ဂလိကအဖွဲ့စည်း ( TiKA NGO) တို့ဦးဆောင်ပြီး စစ်တွေမြို့ သက္ကေပြင် ကျေးရွာရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ဒုက္ခသည်တို့၏ အခြေအနေများကို သွားရောက်ကြည့်ရှု လေ့လာခဲ့ပါတယ်။

ထိုအဖွဲ့သည် စခန်းအတွင်း၌ ရပ်ရွာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာအစိုးရက ရိုဟင်ဂျာလူမျိုးများအား ဆင်းရဲဒုက္ခရောက်သည်အထိ ကြမ်းတမ်းစွာ ကိုယ်တွယ်နေပုံတို့ကို သိရှိသွားခဲ့ပြီး ထိုအဖွဲ့ဝင်တို့က အလွန်အမင်း စိုးရိမ်ပူပန်သွားခဲ့သည်။ ထို့အပြင် ထိုအဖွဲ့ဝင်တို့သည် ရိုဟင်ဂျာဒုက္ခသည်များနှင့်အတူ ထပ်တူ ထပ်မျှ ခံစားနေရကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အိုးမဲ့ အိမ်မဲ့ ဖြစ်နေသော ရိုဟင်ဂျာဒုက္ခသည်များနှင့် အစည်းအဝေး ပြုလုပ်ရာတွင် သံအမတ်ကြီးက ရိုဟင်ဂျာဒုက္ခသည်များသည် အဘယ်ကြောင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် လက်မခံသည့် အကြောင်းကိစ္စနှင့် ရိုဟင်ဂျာ အသိုင်းအ၀ိုင်းက ဘာကြောင့် နိုင်ငံသား စိစစ်ရေး (NVC) ကဒ် လက်မခံရခြင်း ကိစ္စတို့ကို ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားလှယ် ခေါင်းဆောင်များနှင့် အငြိမ်းစားလွတ်တော် ရိုဟင်ဂျာရှေ့နေ ဦးကျော်လှအောင် တို့ကို မေးမြန်းခဲ့ပါတယ်။

“ဤနိုင်ငံသား စိစစ်ရေး (NVC) ကဒ်သည် ကျွန်တော်တို့ရိုဟင်ဂျာများအတွက် မဟုတ်ပါဘူး။ မကြာသေးမီ အချိန်က မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သော နိုင်ငံခြားသားများနှင့်သာ သက်ဆိုင်တယ်။ မြန်မာနိုင်ငံရဲ့ နေထိုင်ခွင့်ကို လျှောက်ထားချင်တဲ့သူတွေအတွက်သာ ဖြစ်တယ်။ ဥပမာ ပြောရရင် မည်သည့်နိုင်ငံမှ မည်သူ မဆို မြန်မာနိုင်ငံရဲ့ နေထိုင်ခွင့်ကိုလိုချင်သူများ လျှောက်ထားနိုင်သည့် ယာယီ နိုင်ငံသား စိစစ်ရေး (NVC) ကဒ် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘိုး၊ ဘေး၊ ဘီ၊ ဘင် ဆွေးစဉ်မျိုးစက် ကတည်းက ဤဒေသမှာပဲ အသက်ရှင် နေထိုင်ရင်း သေဆုံးသွားခဲ့ကြတယ်။ ဘာကြောင့် ကျွန်တော်တို့ကို အတင်းအဓမ္မ ဤနိုင်ငံသား စိစစ်ရေး (NVC) ကဒ် လက်ခံခိုင်းနေရသလဲ။ အဲဒါကြောင့် ကျွန်တော်တို့က ဤနိုင်ငံသား စိစစ်ရေး (NVC) ကဒ် လက်ခံဖို့ လိုအပ်ပါသလား” ဟု ဦးကျော်လှအောင် အသေးစိတ် သေသေချာချာ ရှင်းပြခဲ့ပါတယ်။

“ကျွန်တော်တို့ကို ဤနိုင်ငံသားစိစစ်ရေး (NVC) ကဒ် အတင်းအကျပ် ပေးရခြင်း အဓိကရည်ရွယ်ချက် မြန်မာအစိုးရဆီမှာ ရှိကြတယ်။ ကျွန်တော်တို့ကို တိုင်းရင်းသားအခွင့်အရေး ဖျက်သိမ်းပစ်ပြီး နိုင်ငံခြားသားအဖြစ် ပုံဖော်နေခြင်းဖြစ်တယ်။ ကျွန်တော်တို့၏ လယ်မြေ၊ ကိုင်း၊ ကျွန်းတွေနှင့် အခြား ပိုင်ဆိုင်မှုများကို သိမ်းယူပြီး ကျွန်တော်တို့ကို မြန်မာနိုင်ငံထဲကနေ မောင်းထုတ်ပစ်ဖို့လည်း ကြိုးစားနေကြပါတယ်။ အစိုးရက ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်း ဖြစ်တယ်။” ဟု ဦးကျော်လှအောင်က ရှင်းပြခဲ့ပါတယ်။

“၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေ အပါအ၀င် ဤနိုင်ငံသား စိစစ်ရေး (NVC) ကဒ်သည် မည်သည့်ဥပဒေနှင့် မသက်ဆိုင်ပါ။”  ဟု ဦးကျော်လှအောင်က ဆက်လက်၍ ရှင်းပြခဲ့ပါတယ်။

အငြိမ်းစား ရိုဟင်ဂျာဒုက္ခသည်များ၏ ရှေ့နေ ဦးကျော်လှအောင်က ဤနိုင်ငံသား စိစစ်ရေး (NVC) ကဒ်နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို သေသေချာချာ ရှင်းပြရာ  တူရကီ သံအမတ်ကြီးက နားထောင်ပြီးနောက် အံ့သြ ထိန့်လန့် တုန်လှုပ် သွားခဲ့ပုံရပါတယ်။

“ဤနိုင်ငံသား စိစစ်ရေး (NVC) ကဒ်သည် အစိမ်းရောင် အမျိုးသားမှတ်ပုံတင် (NRC) ကဒ်နှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံသား အဆင့်နှင့်အညီ တပြေးညီ တထပ်တည်း ကျရောက်သည်ဟု ထင်မြင်ခဲ့ပါတယ်။ သို့သော်လည်း ဦးကျော်လှအောင်၏ အသေးစိတ်ရှင်းလင်းချက်ကို သိရှိနားလည် သဘောပေါက်ပြီးနောက် သံအမတ်ကြီးအပါအ၀င် ကျွန်တော်တို့အားလုံးကို တုန်လှုပ် အံ့သြစေခဲ့ပါတယ်။” ဟု အစည်းအဝေး တက်ရောက်သူတစ်ဦးက Rvision TV News ပြန်ပြောပြခဲ့ပါတယ်။

ထိုအစည်းအဝေး၌ ရိုဟင်ဂျာ ကိုယ်စားလှယ် တစ်ဦးက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့်ကိစ္စကိုလည်း ပြန်လည်ဖြေရှင်းရာ “ကျွန်တော်တို့က ဘယ်လို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသလဲ။ ကျွန်တော်တို့က သူတို့ရဲ့ စိတ်ရင်းမှန် ကိုနားမလည်ပါဘူး။ ယုံကြည်မှုလည်း မရှိတော့ပါဘူး။ အစိုးရက အနည်းဆုံး ကျွန်တော်တို့ရဲ့ တောင်းဆိုချက်များကို မစ္စတာ ကိုဖီအာနန် ကော်မရှင်အဖွဲ့မှတဆင့် အကြံပြုချက်များ ဖြည့်ဆည်းပေးရန် လိုအပ်နေပါတယ်။”

“အစိုးရက ကျွန်တော်တို့ရဲ့တောင်းဆိုချက်များကို ဖြည့်ဆည်းပေးမယ်ဆိုရင် ကျွန်တော်တို့အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ ဒါပေမယ့် ဘာသာရေးအစွန်းရောက် ဗုဒ္ဓဘာသာဘုန်းကြီးများက နောက်တခါ ကျွန်တော်တို့ကို ဆန့်ကျင်ဆန္ဒပြလျှင် ကျွန်တော်တို့ရဲ့တောင်းဆိုချက် ဘာတစ်ခုကိုမှ မဖြည့်ဆည်းပေးတော့မှာကိုတော့ အလွန်စိုးရိမ်တယ်။” ဟု ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားလှယ် တစ်ဦးက ထိုအစည်းအဝေး၌ ပြောခဲ့ပါတယ်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ရိုဟင်ဂျာများကို မေးမြန်းသောအခါ ဒေါ်အောင်စုကြည် ကိုယ်တိုင်ဖွဲ့စည်း တည်ထောင်သော မစ္စတာ ကိုဖီအာနန် ကော်မရှင်မှတဆင့် ရိုဟင်ဂျာလူမျိုးတို့ရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်း လုပ်ပေးလိမ့်မည်လို့ မျှော်လင့်နေကြပါတယ်။

ထို့အပြင် ရိုဟင်ဂျာ ကိုယ်စားလှယ်များက  အစိုးရ၏နိုင်ငံရေးကိစ္စများမှလွှဲ၍ လူသားချင်း စာနာထောက်ထားသောအားဖြင့် ၎င်းတို့၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့ကို အဓိက အရေးကြီး လိုအပ်နေကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့အတွက် ဆရာ/ဆရာမများ၊ အခြေခံကျောင်းသုံး ပစ္စည်းများ၊ စာသင်ကျောင်းများနှင့် ကော်လိပ်များ လိုအပ်နေတယ်။ ဒီ့အပြင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက် ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဆေးဝါးများနှင့် အခမဲ့ ဆေးရုံနှင့် ဆေးခန်းများအတွက် ဆေးကိရိယာများလည်း အရေးတကြီး လိုအပ်နေတယ်။ ကျွန်တော်တို့အတွက် တခြားဘာမှ မလိုအပ်ပါဘူး။”ဟု ထိုအစည်းအဝေးကို တက်ရောက်သော ရိုဟင်ဂျာလူကြီး တစ်ဦးက တောင်းဆိုခဲ့ပါတယ်။

ထို့နောက် တူရကီကိုယ်စားလှယ်အဖွဲ့က ထိုရိုဟင်ဂျာဒုက္ခသည်များ၏တောင်းဆိုချက်များဖြစ်သည့် ပညာရေးကိစ္စနှင့် ကျန်းမာရေးကိစ္စများကို အတတ်နိုင်ဆုံး ကြိုးစားကူညီပေးမည်ဟု ကတိပေးခဲ့ပါတယ်။ ထို့အပြင် သွားလာရေးလွယ်ကူစေရန် လမ်းများကိုလည်း ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ထိုတူရကီ သံအမတ်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့သည် ဒုက္ခသည်စခန်းကို လှည့်လည်ကြည့်ရှုပြီး နေလည် (၁း၃၀)နာရီအချိန်တွင် ထိုဒုက္ခသည်စခန်းမှ ထွက်ခွာသွားခဲ့ပါတယ်ဟု Rvision TV News သတင်းဠာနသို့ သတင်းပေးပို့ခဲ့ပါတယ်။

ဘုံဧကရီဗိုလ်

ကျေးဇူးပြု၍ Feedback များကိုလည်း burmese@rvisiontv.com သို့ပေးပို့နိုင်ပါသည်။

 

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အယ်ဒီတာ့အာဘော်More posts in အယ်ဒီတာ့အာဘော် »
More from အာရ်ကာန်More posts in အာရ်ကာန် »
More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.