Press "Enter" to skip to content

စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က ရိုဟင်ဂျာများသည် အကြောင်းမဲ့ထွက်ပြေးတိမ်ရှောင်သည်ဟု စွပ်စွဲပြောဆို

Rvision TV News , Najmul Hassan

၂၂.၀၃.၂၀၁၇

ကော့ဇ်ဘဇာ၊ ဘင်္ဂလားဒေရှ့်။     ။ မြန်မာ့စုံစမ်း စစ်ဆေးရေးကော်မရှင်က ရိုဟင်ဂျာဒုက္ခသည်များသည် အကြောင်းပြချက်မရှိပဲ ရခိုင်ပြည်နယ်ရှိ မိမိတို့နေအိမ်များကိုစွန့်ခွာ၍ ဘင်္ဂလားဒေရှ့်သို့  မကြာသေးမီက ထွက်ပြေးတိမ်ရှောင်သည်ဟု စွပ်စွဲပြောဆိုနေကြောင်း သတင်းရရှိပါတယ်။

မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်သည် ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ဖြစ်ပွားနေသော ယုတ်မာရိုင်းစိုင်း ညှင်းပန်းနှိပ်စက် အနိုင်ကျင့်ခံရသည့် ရိုဟင်ဂျာများ အရေးကိစ္စများကို စုံစမ်း စစ်ဆေးရန်အတွက် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ၊ (၁)ရက်နေ့က မြန်မာအစိုးရ၏ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ကို ဖွဲ့စည်းထူထောင်ခဲ့ပါတယ်။ ယင်းစုံစမ်း စစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် (၁၁)ဦးခန့်သည် ၂၀၁၇ ခုနှစ်၊ မတ်လ၊ (၁၉)ရက်နေ့က ဘင်္ဂလားဒေရှ့်နိုင်ငံ ကူတူဖာလောင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းကို  သွားရောက် စုံစမ်း စစ်ဆေးခဲ့ပါတယ်။ ထို့နောက် မတ်လ (၂၀)ရက်နေ့တွင် ယင်းစုံစမ်း စစ်ဆေးရေး ကော်မရှင်နှင့်အတူ ပုဂ္ဂလိက လူမှုရေး အဖွဲ့အစည်းများ (NGO)နှင့် လုံခြုံရေးဝန်ထမ်းများ လိုက်ပါပြီး  လေဒါ ဒေသနှင့်  ဘာလူးဟားလီး ဒေသရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းကို  သွားရောက် စုံစမ်း စစ်ဆေးခဲ့ပါတယ်။ ထိုအချိန်တွင် လုံခြုံရေးကိုလည်း အထူးစီမံ ချထားခဲ့ပါတယ်။ ယင်းစုံစမ်း စစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များသည် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ၊ (၂၀)ရက်နေ့ မှစတင်ပြီး ရသေ့တောင်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်မှ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ၏ အနိုင့်ကျင့် ညှင်းပန်နှိပ်စက်မှုနှင့် ပတ်သက်၍  ရိုဟင်ဂျာများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။

“ငါတို့က မင်းတို့ကို  မတရားညှင်းပန်းနှိပ်စက်မှုများနှင့် မည်သည့် မတရားမှုများ ဘယ်တုန်းကမှ မပြုလုပ်ခဲ့ပါဘူး။ ငါတို့စစ်သားတွေက မုဒိန်းလည်း ဘယ်တုန်းကမှ မကျင့်ခဲ့ပါဘူး။ မင်းတို့ဘာသာ အကြောင်းမဲ့ မင်းတို့နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးသွားတာ”  ဟု အဖွဲ့ဝင် တစ်ဦးက စွပ်စွဲပြောဆိုခဲ့ပါတယ်။

မြန်မာ့စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့က မောင်တောမြို့နယ်ရှိ ငါးစကြူး ကျေးရွာမှ  မုဒိန်းကျင့် စော်ကားခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသော ရိုဟင်ဂျာအမျိုးသမီးကို လိမ်လည်သည်ဟု စွပ်စွဲပြောဆိုခဲ့ပါတယ်။ ထိုအခါ မုဒိန်းကျင့်ခံရသော ရိုဟင်ဂျာ အမျိုးသမီးကလည်း မြန်မာ စစ်သားများက မည်သို့ မည်ဖုံ သူမအား စော်ကားခဲ့ကြောင်းကို မြန်မာ့စုံစမ်း စစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များကို ပြန်ရှင်းပြခဲ့ပါတယ်။ သို့သော်လည်း မြန်မာ့စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့က သူမ၏ရှင်းပြခြင်းကို ယုံကြည်လက်မခံသည့်အပြင် တောင်းဆိုမှုများကိုလည်း ပယ်ချခြင်းခံခဲ့ရပါတယ်။ သူမသည် စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ပြီးနောက်  မြန်မာ့စစ်တပ်၏ ကြောက်မက်ဖွယ်ကောင်းကြောင်း ငိုယို ပြောဆိုကာ ထွက်သွားခဲ့သည်ကို မျက်မြင်သက်သေ တစ်ဦးက စိတ်မကောင်းစွာဖြင့် Rvision TV News သတင်းဠာနသို့ ဆက်သွယ် ပြန်ပြောခဲ့ပါတယ်။

မြန်မာ့စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့သည် ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ် တို့တွင် ဖြစ်ပွားနေသော ရိုဟင်ဂျာများကို ညှင်းပန်းနှိပ်စက် အနိုင်ကျင့် ဗိုလ်ကျသည့် အရေးကိစ္စများကို စုံစမ်း စစ်ဆေးရာတွင် လုံးဝ ရိုးသားမှန်ကန်မှုမရှိပါ။ ထိုသို့ ဖွဲ့စည်းဟာ ရိုဟင်ဂျာများအတွက် အဓိပ္ပာယ် မရှိပါ။ မြန်မာအစိုးရက ရိုးသားမှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုသည့်အပြင် ၎င်းတို့၏ အပြစ်များကို ဖုံးကွယ်ပြီး  မြန်မာစစ်တပ်ကို ကာကွယ်ပြောဆိုရန်အတွက်သာ ဖွဲ့စည်းထူထောင်လိုက်ခြင်းသာ ဖြစ်ပါတယ်။

နိုင်ငံတကာမှ ပေးပို့သော အစီရင်ခံစာများတွင် မြန်မာအစိုးရ၏ ရိုးသားမှန်ကန်မှုမရှိသည့် နည်းလမ်းများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို လိမ်လည် လှည့်ဖျားရန်အတွက်သာ ဖြစ်ကြောင်းဖော်ပြထားပါတယ်။ ထိုအကြောင်းအရာကိစ္စတို့နှင့်ပတ်သက်သည့် အစီရင်ခံစာများကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ကုလသမ္မဂ အထူးကိုယ်စားလှယ် Ms. Yanghee Lee၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UN-HCR)နှင့် အခြားသော လူ့အခွင့်အရေးအဖွဲ့အစည်းများ (NGO) သို့ ပေးပို့ခဲ့ပါတယ်။

“ကျွန်တော်တို့အားလုံးက မြန်မာ့စုံစမ်း စစ်ဆေးရေးကော်မရှင်ကို သပိတ်မှောက် ဆန့်ကျင် ဆန္ဒပြချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို လုံခြုံရေး တင်းကျပ်စွာချထားခြင်းခံရပါတယ်။” ဟု ကူတူဖာလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည် မိုဟာမတ် ကဘီလ် က Rvision TV Newsသို့ ဆက်သွယ်ပြောပြခဲ့ပါတယ်။

စောစောပိုင်းတွင် Dhaka Tribune သတင်းဠာနမှ အာဏ၀ါကမာလ်နှင့် တွေ့ဆုံမေးမြန်းပြောဆိုရာတွင် သူ့၏မျက်မြင်ကိုယ်တွေ့များမှ မြန်မာအစိုးရ၏ လိမ်လည်ပြောမှုများနှင့် မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာမှုများကို ဖော်ပြခဲ့ပါတယ်။ Dhaka Tribune သတင်းဠာနမှ မြန်မာ့စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ကို မကြာသေးမီအချိန်က ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေဟု လိမ်လည်ပြောဆိုခဲ့ပါတယ်။

“Dhaka Tribune သတင်းဠာနနှင့် အင်တာဗျူး တွေ့ဆုံမေးမြန်းခန်းတွင်  ဒုက္ခသည်တွေက ဘယ်လို ပြောပြော သူတို့ကကြားဖြတ်ပြီး ဒုက္ခသည်တွေကို လိမ်လည်မုသား စကားပြောသည်ဟု စွပ်စွဲပြောဆိုခဲ့ပါတယ်။” ဟု အာဏ၀ါကမာလ် က Rvision TV News သတင်းဠာနသို့ ဆက်သွယ်ပြီး ပြန်ပြောပြခဲ့ပါတယ်။

“ဒီမှာရှိတဲ့ ရိုဟင်ဂျာတွေက မြန်မာစစ်တပ်ရဲ့ ယုတ်မာရက်စက်မှုများကို ခံခဲ့ရလို့ ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးလာတာပါ။ ဒီကိစ္စက ရှင်းရှင်းလင်းလင်းလေးပါ။” ဟု ထိုအဖွဲ့ဝင် တစ်ဦး ပြောဆိုနေတာကို ကျွန်တော် ကြားခဲ့ပါတယ်။

ရင်နာစရာကောင်းတာကတော့ မြန်မာအစိုးရ သတင်းနှင့်စာနယ်ဇင်းဠာနနှင့် ပြည်တွင်းရှိ ပုဂ္ဂလိက သတင်းဠာနများတို့က ဗုဒ္ဓဘာသာ ကိုယ်ကွယ်သည့် လူအများစု၏ ဆန္ဒများကို လိုက်လျော၍ ရိုဟင်ဂျာလူမျိုးကို မောင်းထုတ်ရန် ဦးတည်ရည်ရွယ်ပြီး မဟုတ်မမှန် သတင်းများရေးသား ၀ါဒဖြန့်ဝေနေလျက်ရှိပါတယ်။ သတင်းဠာနများမှ ဗုဒ္ဓဘာသာ ကိုးကွယ်သည့် လူအများစုသည် လူနည်းစုဖြစ်သော ရိုဟင်ဂျာ လူမျိုးတို့ကို ဘင်္ဂလားဒေရှ့်နိုင်ငံမှ မကြာသေးမီ ၀င်ရောက် နေထိုင်ကြသော ဘင်္ဂလီလူမျိုးများ ဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲ ပြောဆိုရေးသား ဖြန့်ဝေလျက်ရှိပါတယ်။ မြန်မာအစိုးရကလည်း ကော်မရှင်မှ တဆင့် ဘင်္ဂလားဒေရှ့် နိုင်ငံအစိုးရသို့  ထိုဒုက္ခသည်များကို နည်းလမ်းရှာ၍ ကယ်တင်ပေးစေရန်နှင့် ရိုဟင်ဂျာများကို ပြန်လည်လက်ခံဖို့ သွယ်ဝိုက်ပြောဆို ဖြေကြားခဲ့ပါတယ်။

မြန်မာအစိုးရက ရိုဟင်ဂျာလူမျိုးတို့ကို ဘင်္ဂလီ ဟုပြောပြော၊ ဘယ်လိုပဲ နာမည်တပ် သို့မဟုတ်  မြန်မာအစိုးရက စစ်တပ်၏ ယုတ်မာရက်စက်သော လုပ်ရပ်များကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ရိုဟင်ဂျာလူမျိုးတို့သည် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ၀င်ရောက်လာပြီး နေထိုင်ကြခြင်းမဟုတ်ပါ။ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ ရခိုင်ဒေသ (အာရ်ကာန်)မှ ဖြစ်ပါတယ်။

(ဘုံဧကရီဗိုလ်)

ကျေးဇူးပြု၍ Feedback များကိုလည်း burmese@rvisiontv.com သို့ပေးပို့နိုင်ပါသည်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အယ်ဒီတာ့အာဘော်More posts in အယ်ဒီတာ့အာဘော် »
More from အာရ်ကာန်More posts in အာရ်ကာန် »
More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.