မောင်တော တောင်ပိုင်းတွင် ရိုဟင်ဂျာ ၃ဦးအသတ်ခံရပြီးနောက် အပြစ်မဲ့ရိုဟင်ဂျာများအား အာဏာပိုင်များက မဟုတ်မတရား ရက်စက်ဖမ်းဆီးနေ

msa
By May 6, 2014 19:47

MYARF

မေလ ရ ရက် ၂၀၁၄၊ ဗုဒ္ဓဟူးနေ့

Rvisiontv.com

လက်နက်ကိုင်အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရသော ဒေသခံရိုဟင်ဂျာတစ်ချို့ ။

လက်နက်ကိုင်အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရသော ဒေသခံရိုဟင်ဂျာတစ်ချို့ ။

မောင်တော။ ။ မေလ ၃ရက် ၂၀၁၄၊ မနက် ၁:၄၀ နာရီအချိန်၊ မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေး (ကူလ္လုံ)ကျေုးရွာတွင်  မြန်မာစစ်တပ်၊ လုံထိန်းရဲနှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ကျောထောက် နောက်ခံပြု မွေးစားထားသော လက်နက်ကိုင် ဓါးပြအဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် အပြစ်မဲ့ရိုဟင်ဂျာသုံးဦး သတ်ဖြတ်ခံရပြီး နောက်ထပ်ကိုး ဦးပြင်းပြင်းထန်ထန်ဒါဏ်ရာရရှိခဲ့သည်။

၎င်းလူသတ်မှုနှင့် ပတ်သက်၍ ရဲနှင့် တခြားအာဏာပိုင်များက အခြေအမြစ်မရှိ တရားခံများစာရင်း တစ်ခုပြုလုပ်ပြီး အပြစ်မဲ့ဒေသခံ ရိုဟင်ဂျာများအားဖမ်းဆီးရန် ၄င်းတို့၏နေအိမ်များကို ၀င်ရောက် စီးနင်းနေကြသည်။ ထို့ကြောင့် ရိုဟင်ဂျာအမျိုးသားများမှာ နေအိမ်များမှ ထွက်ပြေး ပုန်းရှောင်နေကြရပြီး သူတို့၏မိသားစုများမှာ စားဝတ်နေရေး အခက်အခဲ၊ ဒုက္ခများနှင့် ရင်ဆိုင်နေကြရသည်။ (အဖြစ်အပျက်အပြည့်အစုံသိလိုလျှင် ဤနေရာတွင်(အဖြစ်အပျက် အပြည့်အစုံ သိလိုလျှင် ဤနေရာတွင် မောင်တောတွင် အပြစ်မဲ့ရိုဟင်ဂျာ သုံးဦးကို သတ်ဖြတ် ဖတ်ရှု့ပါ)

“မေလ ၃ရက် ၂၀၁၄ ရက်နေ့တွင် သင်္ဘောကွေး(ကူလ္လုံ) ကျေုးရွာတွင် ဖြစ်ပွါးခဲ့သော လူသတ်မှုတွင် ပါဝင်ပတ်သက်သည်ဟု ဆိုပြီး ၄င်းရွာရှိ အိမာန်ဟူစိန် ၁၇နှစ် (ဘ) ဒီလ်မိုဟာမက် အား ကွယ်လွန် သွားခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူး၏ အသုဘ နာရေး အခမ်းနားမှ အင်းဒင်း (အာန်ဒါန်း) ရဲစခန်းမှ ရဲများက ဖမ်းဆီးခေါ်ဆာင် သွားခဲ့သည်။ နောက်နေ့တွင် အင်မန်ဟူစိန်အား မောင်းတောရဲစခန်းသို့ ပြောင်းရွှေ့လိုက်သည်။ ကွယ်လွန်သူ အုပ်ချုပ်ရေးမှူး၏  မိဘများမှာ သူတို့၏ သားနှင့် ကိုယ်ဝန်သည်ချွေးမအား သတ်ဖြတ်ခဲ့သူများသည် ရွာသားများမဟုတ်၊ အမည်မသိ လက်နက်ကိုင် ဓါးပြဂိုဏ်း တစ်ခုဖြစ်သည်ဟု ထွက်ဆိုခဲ့ကြသည်။ သို့သော်လည်း ယ္ခု မောင်တော ရဲများက လူသတ် အကြမ်းဖက်မှု တွင် ပါဝင်သည်ဟု အခြေအမြစ်မရှိ စွပ်စွဲကာ ရွာသား ၁၀၀အား ဖမ်းဆီးရန် စာရင်းပြုစုနေသည်။ ရဲများ၏ ရုပ်သေးတပည့် များဖြစ်ကြသော နူရ်အာမက် (ဘ) နဘီဟူစိန် ၊ နီဇာမ်း (ဘ) ကရီမူလ္လာ (ခေတ္တ- မြို့မကညင်တန်းကျေးရွာ တွင်နေထိုင်သူ) တို့သည် ၄င်းစာရင်းပြုစုနိုင်ရန် ရဲများနှင့် ပူးပေါင်းဆောင်ရွက်နေကြသည်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

“ထို့နောက် မေလ ၄ရက် ၂၀၁၄ ညအချိန်တွင် ရဲများက သူတို့၏ စာရင်းအတိုင်း ၄င်းရွာတွင် အိမ်​တိုင်းအိမ်​တိုင်း ၀င်ရောက်စီးနင်းရှာဖွေခဲ့ကြသော်လည်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မဖမ်းဆီးနိုင်ခဲ့ချေ။ သို့သော်လည်း ယခုဆိုလျှင်​ ၎င်းရွာတွင်​ ​ယောက်ျားတစ်​​ယောက်မှ မရှိ အကုန်​လုံး တိမ်း​ရှောင်​​နေကြရသည်​။ ၎င်း​ရွာတွင်​ လုံထိန်း၊ ရဲ၊ စစ်​တပ်​များက​ ​နေ​ရောညပါ ဝင်​​ရောက်​စစ်​​ဆေး​ ရှာ​ဖွေ​နေကြသည်​။ ဆင်​ရဲသားမိသားစုများသည်​ ​ယောက်ျားများ တိမ်း​ရှောင်​​နေကြရသဖြင့်​ စာ​ဝတ်​​နေ​ရေး အခက်​ကြုံ​နေကြရသည်​”  ဟု ၄င်းဒေသခံမှ ဆက်လက်ပြောကြားသည်။

“မေလ ၆ရက် ၂၀၁၄နေ့ ၄င်းကျေးရွာတွင်​ စစ်​​ဆေးရေး​လုပ်နေ​သော လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များက ဘူးသီး​တောင်​မြို့နယ်​မှ အုန်​သီးဝယ်​ရန်​​ရောက်​လာ​သော လူ ​၄ဦးကို အိမ်​တစ်​အိမ်တွင်​ အုန်​သီးဝယ်​​နေစဉ်​ သွား​ရောက်​​မေးမြန်းခဲရာ ၎င်းတို့က ဘူးသီး​တောင်​သားဟု​ ဖြေကြားသဖြင့် တပ်​ဖွဲ့ဝင်​များက ၎င်းတို့ကို ​သေလု​မျှောပါး ရိုက်​နှက်​ခဲ့ကြသည်​။ ပြီး​နောက်တပ်​ဖွဲ့ဝင်​များ ဝင်​​ရောက်​စစ်​​ဆေးခဲ့​သော အိမ်​များရှိ မိသားစုဝင်​များကို ​ကျောင်းသို့​ခေါ်သွားကာ ၎င်းတို့၏ ‘အထစ (အိမ်ထောင်စုစာရင်း)’ များမှ တိမ်း​​ရှောင်​​နေ​သော ​ယောက်ျားများအား ပယ်​ပျက်​ခဲသည့်​အပြင်​ ဓာတ်​ပုံများ လည်းရိုက်​ခဲ့သည်”​ ဟု အဆိုပါဒေသခံမှ ထပ်လောင်းပြောကြားသည်။

ဒေါ်မောန်တာစ် အင်္ဂလိပ်မှမြန်မာသို့ ဘာသာပြန်သည်။ 

Comments

comments

msa
By May 6, 2014 19:47

Follow me on Twitter

Facebook

18 hours ago

WATCH: #Rohingya Daily News 17 August 2017
https://youtu.be/fXcM7pFH6sg

LIKE
LOVE
HAHA
WOW
SAD
ANGRY
« 1 of 1009 »

Subscribe with us