မောင်တောမြို့နေ ရိုဟင်ဂျာများ နေ့စဉ် ရင်ဆိုင်နေရသော ရက်စက်၊ ကြမ်းကြုတ်မှုများကို စုစည်းတင်ပြခြင်း

msa
By May 3, 2014 15:31

MYARF Reports

မေလ ၁ရက်၊ ၂၀၁၄၊ ကြာသပတေးနေ့

Rvisiontv.com

clock tower1

၁။ အာဏာပိုင်များကြောင့် ရိုဟင်ဂျာများ စားဝတ်နေရေး အခက်ကြုံ

မောင်​​တော​မြောက်​ပိုင်း ကြိမ်​​ချောင်း​ကျေးရွာ (​ဘော်​လီဘာဇာ)မှ ရိုဟင်​ဂျာ ဆင်းရဲသားအချို့သည်​ ​တောင်​မှသာမန်​သစ်​များခုတ်​၍​ရောင်းစား​ကြသည်။ ၄င်းအတွက် သစ်​​တောဝန်​ထမ်းများကို လစဉ်​​ငွေ​ပေးဆောင်ရသည်​။

သို့သော်လည်း၂၈၊ ၄၊ ၁၄ ရက်​​နေ့တွင်​ ကြိမ်​​ချောင်းရှိ စရဖ (စစ်လုံခြုံရေးအဖွဲ့)၊ ရဲ ၊ လုံထိန်း၊ SB တို့က သစ်​​ရောင်း သမားများကို လစဉ်​ ငါတို့ကိုလည်း ​​ငွေ ၅၀၀၀၀ကျပ်​စီ​ ပေးသွင်းရမည်။ ဒါမှမဟုတ်​ သစ်​​ရောင်းချလျှင်​ဖမ်းဆီးခြင်း ခံရမည်​ဟု သစ်​​ရောင်းသမားများကို ခြိမ်း​ခြောက်​​ပြောဆိုခဲ့သည်​။ ၄င်းသစ်​​ရောင်းသမားများမှာ လစဉ်​ သစ်​​တောဝန်​ထမ်းအပါအဝင်​ အဖွဲ့ ၅  ဖွဲ့ အား၂၅၀၀၀၀ ကျပ်​​ပေးရန်​မတတ်​နိုင်​​သော​ကြောင့်​ လုပ်​ငန်​ရပ်​စိုင်းခဲ့ရပြီး မိသားစုစားဝတ်​​နေ​ရေးအခက်​ကြုံ​နေရသည်​။

……………………………………………………………………

၂။ ရခိုင် အစွန်းရောက်တစ်ယောက် ရိုဟင်ဂျာပိုင် ဆိတ် ၄ကောင် ခိုးယူသွား

၃၀ ဧပြီ ၂၀၁၄ နေ့၊ ဒုချီးရားတန်း​ (ကီလိုင်ဒေါင်) ကျေးရွာနေ အာဘူ​ကော်​ဆီဒိခ်​ (ဘ)အဒုလ်​ဟာရှိမ်​ ၄၃ နှစ်​၏ ​တန်း ဖိုးအာဖြင့်​ ကျပ်၂သိ​န်း​ကျော်ရှိသော ဆိတ်​ ၄ ​ကောင်ကို ဒုချီးရားတန်း​ကျေးရွာအုပ်​စု ကင်း​ချောင်းရွာမှ ဦး​ကေတီ​မောင်​ (ဘ) ဦးလှကြည်ခေါ် ရခိုင် (မောဂ်) အစွန်းရောက် တစ်ယောက်က ခိုးယူသွားခဲ့သည်​။ ၄င်းကို သူ(အာဘူ​ကော်​ဆီဒိခ်​) ၏ မိန်းမကသွား​တောင်းပြန်ရာ ရဲကို ​သေနတ်​နဲ့ပစ်ခိုင်း​​မည်​ဟု ခြိမ်း​ခြောက်​ခဲ့သည်​။

………………………………………………………………….

၃။ စစ်တပ်မှ ရိုဟင်ဂျာတစ်ဦးအား လူမဆန်စွာ ရိုက်နှက်

ဒိန်မိုဟာမက် (ဘ) စူလတန် (အသက် ၂၀) သည် မောင်တောမြို့နယ်မြောက်ပိုင်း သူဦးလှ (ကူးလာရ်ဘီလ်) ကျေးရွာ ဒေသခံတစ်ဦးဖြစ်သည်။ ဧပြီလ ၂၈ ရက် ၂၀၁၄၊ နေ့လယ် ၃နာရီ ခန့်တွင် ထိုရွာတွင်တပ်စွဲထားသော အမှတ်၂၃၃ ခြေလျင်တပ်ရင်း မှ စစ်သား၂ ဦးက လူမဆန်စွာ ရိုက်နှက် ခဲ့ပါသည်။ ရိုက်နှက်ခြင်း၏ အကြောင်းမှာ- သူတို့နှစ်ဦးပေး ရန်ရှိသော အကြွေးကို ဘယ်တော့ပြန်ဆပ်နိုင်မလဲ” ဟု မေးသောကြောင့် သာဖြစ်သည်။ ဒိန်မိုဟာမက်သည် ထိုရွာတွင် ဈေးဆိုင်တစ်ဆိုင်ဖွင့်ထားပြီး ၄င်းစစ်သားများမှာ ၂၆.၂.၂၀၁၄ နေ့တွင် သူ့ဆိုင်မှအကြွေးဝယ်ယူခဲ့ ကြခြင်း ဖြစ်သည်။

………………………………………………………….

၎။ မောင်တောရဲများက ရိုဟင်ဂျာများကို ရိုင်းရိုင်းဆိုင်းဆိုင်း ဆက်ဆံ

၂၈၊ ၄၊ ၁၄ ရက်​​နေ၊့​ နေ့လယ်​ ၁၁နာရီတွင် ​မောင်​​တောမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်​ ဦးကံလှနှင့်​ အဖွဲ့သည်​ ​မောင်​​တော​တောင်​ပိုင်း ကျေးရွာများသို့သွားပြီး၊ သ​င်္ဘောကွဲ​ကျေးရွာ (ခုလ္လုံး:)ကျေးရွာမှ ရှော​ကောတ်​တုလ္လာ (ဘ)နုရ်​အာမတ် ​ ​ ​ နှင့်​ ​ကျောက်​ပန္ဓူ​ (ရှိတာဖ်​) ကျေးရွာမှ အို​မောရ်​အဘာစ်​ (ဘ)အိစ်​မိုလ်​ တို့ကို ဓားပြများနှင့်​ အဆက်​အသွယ်​ရှိသည်​ဟု စွပ်​စွဲပြီး ဖမ်းဆီးရန်​ရှာ​ဖွေမှုများပြုလုပ်​ခဲ့သည်​။ သူတို့ကို ရှာ​ဖွေ​နေစဉ်​ ရဲများကရွာသားများနှင့် ရိုင်းရိုင်းဆိုင်းဆိုင်း ပြုမူခဲ့သဖြင့့််​ ထိုရွာသားများက ဒုချီးရားတန်းကျေးရွာ ကဲ့သို့ ပြသနာဖြစ်​လာ မည်​ကိုစိုးရိမ်​လျက်​ရှိသည်​။

Comments

comments

msa
By May 3, 2014 15:31

Follow me on Twitter

Facebook

5 hours ago

WATCH: #Rohingya Daily News 17 August 2017
https://youtu.be/fXcM7pFH6sg

LIKE
LOVE
HAHA
WOW
SAD
ANGRY
« 1 of 1009 »

Subscribe with us