ရိုဟင်ဂျာတစ်ဦး စစ်တပ်၏ ဖမ်းဆီးရက်စက်မှူခံရပြီးနောက်ပိုင်း ပျောက်ဆုံးနေ

msa
By November 12, 2014 16:13

ရိုဟင်ဂျာတစ်ဦး စစ်တပ်၏ ဖမ်းဆီးရက်စက်မှူခံရပြီးနောက်ပိုင်း ပျောက်ဆုံးနေ

MYARF Report

Rvisiontv.com

မောင်တော။ ။ နိုဝင်ဘာ ၁၀၊ ၂၀၁၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်တွင် မောင်တောမြို့နယ်မြောက်ပိုင်း၊ အမှတ် ၅ နယ်မြေပိုင် ရွက်ညိုတောင်ကျေးရွာရှိ စခန်းအမှတ် (၁၂) မှ စစ်သား ၁၃ ယောက်တို့သည် ရေတွင်းကျွန်းနှင့် ကျားခေါင်းတောင်ကျေးရွာ များကြားရှိလမ်းပေါ်သို့ သွားရောက်၍ မော်တော်ဆိုင်ကယ်ဖြင့် လမ်းသွားလမ်းလာနေသော ရိုဟင်ဂျာလူငယ်တစ်ဦးကို ရပ်ခိုင်းခဲ့ပါသည်။

ကျားခေါင်းတောင်းကျေးရွာသို့သွားရန်ရှိသည်ဟုဆို၍ ထိုရိုဟင်ဂျာလူငယ်၏ မော်တော်ဆိုင်ကယ်ကို စစ်သားများက တောင်းကြရာ ထိုလူငယ်က သူ့မှာအရေးတကြီးသွားစရာရှိသည်ဟုဆို၍ အကျိုးအကြောင်းပြ ပြောပြခဲ့ပါသည်။ သို့သော်လည်း စစ်သားများက ထိုရိုဟင်ဂျာလူငယ်ကို လွှတ်မပေးသည့်အပြင် သူ့တို့၏ ကင်းစခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားပြီး အားမနာသည်ဟုဆို၍ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။ စစ်သားများက လူငယ်ကို သူတို့၏ ကင်းစခန်း၌ ထိန်းချုပ်ထားပြီး သူ၏ဆိုင်ကယ်ကိုယူသွား၍ အပြင်သို့်ထွက်သွားခဲ့ပါသည်။

ညနေ ၈ နာရီခန့်အချိန်တွင် ၄င်းစစ်သားများက ဆိုင်ကယ်ပြန်ပေးလိုက်ရန်ဆိုပြီး ထိုလူငယ်အား ရှာဖွေခဲ့သလိုလို ဟန်ဆောင်ခဲ့ကြောင်း၊ ၎င်းလူငယ်မှာ ထွက်ပြေးထိန်းရှောင်ခဲ့သည်ဟု ဒေသခံများအားပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ မောင်တောမြို့ပေါ်ဖက်က ဟုယူဆရသည့်  ၄င်းလူငယ်သည် ဒီနေ့အိမ်ပြန်မရောက်ခဲ့ကြောင်း၊ ဤကဲ့သို့ ညအချိန်မတော်၌ အိမ်ကို မည်သို့သွားရောက်နိုင်မည်ကို ဒေသခံများက ၎င်းလူငယ်အတွက် စိုးရိမ်နေကြောင်းလည်း သတင်းရရှိပါသည်။

၎င်းစခန်း (၁၂) မှ ဗိုလ်မှူး နှင့် ၎င်း၏လက်အောက်ငယ်သား စစ်သားများသည် လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို ရိုက်နှက်ခြင်းများ၊ လုယက်ခြင်းများ၊ စော်ကြားခြင်းများ အမြဲတစေပြုလုပ်နေလျှက်ရှိရာ အနီးတဝိုက်ရှိ ကျေးရွာသူ၊ကျေးရွာသားများ၏ သွားရေးလာရေးမှာ အလွန်တရာ အခက်အခဲရောက်ရှိနေပါကြောင်းသတင်းရရှိပါသည်။

ဤကဲ့သို့ စစ်သားများ၏ တရားလွန်အပြုအမှုများကို ဗျူဟာမှူးမှ စီစစ်အရေးယူပေးပါရန် ဒေသခံများက အထူးလိုလားတောင့်တ လျှက်ရှိနေပါသည်။

သတင်း ဆောင်းပါး၊ ထောက်ပြဝေဖန်ချက် များ ပေးပို့လျှင် editor@rvisiontv.com သို့ အီးမေးလ်ပို့ပါ။ 

Comments

comments

msa
By November 12, 2014 16:13

Follow me on Twitter

Facebook

10 hours ago
Does Myanmar dare attend PPT despite its refusal of abuses?

While Myanmar government is rejecting constantly allegations of crimes against humanity and ethnic cleansing against Rohingya Muslims, accusing the United Nations of making exaggerated claims on the ... See more

LIKE
LOVE
HAHA
WOW
SAD
ANGRY
« 1 of 1016 »

Subscribe with us