ဆေးဝါးကုသမှု အကူအညီမရ၍ ရိုဟင်ဂျာဒုက္ခသည် အမျိုးသမီးတစ်ဦး မီးဖွားပြီးရင်းသေဆုံး

msa
By May 4, 2014 07:28

ဟူစိန်၊ အမ်အက်စ် အန်ဝါရ်

၂၀၁၄ မေလ ၃ရက်၊ စနေနေ့

Rvisiontv.com

Motherless at Birth!! The mother passed away as soon as the baby was born. (Photo: Hussein)

မွေးဖွားချိန်မှာပင် အမိမဲ့ခဲ့ရသောခလေး (ဓာတ်ပုံ- ဟူစိန်)

စစ်တွေ ။။ ၂၀၁၄၊ မေလ ၂ရက်နေ့ ညနေ ၇:၄၅ မိနစ်ဝန်းကျင်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက်ကယ်ပြင်ကျေးရွာ (ဆက်ကီဖာရ)ရှိ IDP ဒုက္ခသည်များစခန်းတွင် အသက် ၂၈နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးတစ်ဦး မီးဖွားပြီးချင်းသေဆုံးခဲ့ရသည်။ သူမသည် မီးဖွားရင်း ဆေးဝါးကုသမှု အကူအညီမရ၍ သွေးအလွန်ဆင်းကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။

“ရှဘီကွန်း နဟား  အသက် ၂၈ နှစ် (ဘ) မိုဟာမက် သည် ခလေးမွေးရန် အခက်အခဲ များနှင့် ရင်ဆိုင် ခဲ့ ရသည်။ သူမသည် ကျွမ်းကျင်မှုမရှိသော လက်သည်နှင့် မီးဖွားရင်း၊ သားဖွားခြင်း ဒုက္ခကို ပင်ပန်းခက်ခဲစွာ ဖြတ်သန်းရင်း သွေးအလွန်ဆင်းခြင်းကိုလည်း ဆိုးရွားစွာခံစားခဲ့ရသည်။

အချို့ အတွေ့အကြုံရှိသူများမှ တတ်သိသမျှ ကြိုးစားကုသပေးခဲ့ကြသည်။ သို့သော် ကံမကောင်းစွာပင် မေလ ၃ရက် ၂၀၁၄ နေ့ ည ၇ နာ၇ီ ၄၅ မိနစ် တွင် သူမ ကွယ်လွန်ခဲ့ရသည်။ သို့သော်ငြားလည်း သူမ၏ ခလေးကိုဘေးတွင် အသက်ရှင်လျက်ထားရစ်ခဲ့ရှာသည်။ ခလေးသည် ယ္ခုတိုင် အသက်ရှင် လျက်ရှိသည်။

ထိုအမျိုးသမီးမှာ သူမ၏နောက်ဆုံး ထွက်သက်အထိ သက်ကယ်ပြင်ကျေးရွာ (ဆက်ကီဖာရ) တွင်နေခဲ့သည် “ဟု ဒုက္ခသည်စခန်းမှ ဒေသခံတစ်ဦး ကပြောပြခဲ့သည်။

“ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာများ၏ ကျန်းမာရေးအတွက်ဆေးဝါးသုံးစွဲမှု ၊ကျန်းမာရေးစောင့်ရှောက်မှု အတွက်ဆိုပြီး အကူအညီများလုံးဝမရရှိပါ။ ပိုဆိုးတာက ရိုဟင်ဂျာဒုက္ခသည်များကို စစ်တွေဆေးရုံတင်လျှင် ဆေးရုံမှ ရခိုင်အစွန်းရောက် အာဏာပိုင်များ၊ ဆရာဝန်များနှင့် သူနာပြုဆရာမများက ဆေးကုသပေးမည့်အစား နည်းအမျိုးမျိုးသုံး၍ သတ်ပစ်ကြသည်။ ယင်းအတွက်ကြောင့် ရိုဟင်ဂျာဒုက္ခသည်များ စစ်တွေဆေးရုံသွားပြီး ဆေးကုသမှု မခံယူဝံ့ကြပါ။

ဤိုအမျိုးသမီးသည်လည်း ကျန်းမာရေးစောင့်ရှောက်မှု့လုံးဝမရှိခြင်းကြောင့် သေဆုံးခဲ့ရသူများထဲမှ နောက်တစ်ဦး ဖြစ်သည်။ ကျေးဇူးပြု၍တတ်နိုင်သမျှ ကူညီကြပါဟု” ၄င်းဒေသခံမှဆက်လက်ပြောပြခဲ့သည်။

ဒေါ်မောန်တာစ် အင်္ဂလိပ်မှမြန်မာသို့ ဘာသာပြန်သည်။ 

Comments

comments

msa
By May 4, 2014 07:28

Follow me on Twitter

Facebook

2 hours ago
Rohingya Daily News 20 August 2017

WATCH: #Rohingya Daily News 20 August 2017
https://youtu.be/i56D5wPZwhg

RVISION is the first Rohingya TV channel that enact as the watchdog of the Rohingya’s issues, translates Rohingya’s grieves and inspires through its various ...

LIKE
LOVE
HAHA
WOW
SAD
ANGRY
« 1 of 1017 »

Subscribe with us