အင်းဒင်း နယ်ခြားစောင့်ရဲများက မမှန်မကန်စွပ်စွဲ၍ ဖမ်းဆီးငွေညှစ်လျက်ရှိ

msa
By December 3, 2014 10:12

အင်းဒင်း နယ်ခြားစောင့်ရဲများက မမှန်မကန်စွပ်စွဲ၍ ဖမ်းဆီးငွေညှစ်လျက်ရှိ

By MYARF ׀ Rohingya Vision

ဒီဇင်ဘာ ၃၊ ၂၀၁၄    

မောင်တော။ ။ မောင်တောမြို့နယ်တောင်ပိုင်၊ အမှတ်(၁) နယ်ခြားစောင့်ကွပ်ကဲရေး လက်အောက် စခန်းခွဲအမှတ်(၈)၊ အင်းဒင်းနယ်ခြား စောင့်ကင်းစခန်းမှ ရဲများသည် သင်္ဘောကွေးကျေးရွာမှ ဒေသခံရိုဟင်ဂျာ နှစ်ဦးထံမှ မမှန်မကန်စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

စခန်းခွဲအမှတ်(၈)၊ အင်းဒင်းနယ်ခြားစောင့်ကင်းစခန်းမှ ရဲများသည် ၃၀၊၁၁၊၂၀၁၄ ရက်နေ့၊ ညနေ(၁၁)ခန့်အချိန်တွင် သင်္ဘောကွေးကျေးရွာသို့လာပြီး ဦးဟာရှ်မောတ်တူလ္လာ(ဘ)ရာမောတ်အူလ္လာ၏အိမ်ထဲသို့ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

စစ်ဆေးပြီး ဥပဒေနှင့်ဆန့်ကျင်သော မည်သည့်အရာမှ မတွေ့ရှိရသော်လည်း နယ်ခြားစောင့်ရဲများက အိမ်ရှင်ကို ဖမ်းဆီးပြီး ၎င်းတို့၏ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ နယ်ခြားစောင့်ရဲများက ဖမ်းဆီးခံရသူ ဦးဟာရှ်မောတ်တူလ္လာ ကိုအလွန်ပင်နှိပ်စက်ခဲ့ပြီး ဘင်္ဂါလာဖုန်းသုံးစွဲသည်ဟုအတင်းဝန်ခံခိုင်းခဲ့ပါသည်။ နောက်တစ်နေ့ နံနက်(၁၀)နာရီခန့် အချိန်တွင် ငွေ ၁-သိန်းခွဲညှစ်ယူ၍ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

လွန်ခဲ့သော ၂၈၊၁၁၊၂၀၁၄ ရက်နေ့ကလည်း အဆိုပါကင်းစခန်းမှရဲများသည် သင်္ဘောကွေးကျေးရွာမှ ဦးအာလီအမတ် (ဘ)ဇော်ဖောရ်အမတ်ကိုလည်း အလားတူစွပ်စွဲဖမ်းဆီးပြီး ငွေ ၁-သိန်းခွဲ ညှစ်ခဲ့ကြောင်းသိရှိရပါသည်။ 

အခုတလော အင်းဒင်းကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် အပြစ်မဲ့ဒေသခံရိုဟင်ဂျာများကို အမျိုးအမျိုးစွပ်စွဲ၍ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊အကြောင်းမဲ့ ငွေညှစ်ကြောင်း စသော မင်းမဲ့စရိုက်ပုံစံဖြင့် ထင်ရာစိုင်းလုပ်ဆောင်နေမှုကို အထက်တာဝန်ရှိသူများမှ ဟန့်ထားအရေးယူပေးရန် ဒေသခံများက အထူးလိုလားလျက်ရှိပါသည်။

သတင်း ဆောင်းပါး၊ ထောက်ပြဝေဖန်ချက် များ ပေးပို့လျှင် editor@rvisiontv.com သို့ အီးမေးလ်ပို့ပါ။ 

Comments

comments

msa
By December 3, 2014 10:12

Follow me on Twitter

Facebook

8 hours ago
Rohingya Daily News 20 August 2017

WATCH: #Rohingya Daily News 20 August 2017
https://youtu.be/i56D5wPZwhg

RVISION is the first Rohingya TV channel that enact as the watchdog of the Rohingya’s issues, translates Rohingya’s grieves and inspires through its various ...

LIKE
LOVE
HAHA
WOW
SAD
ANGRY
« 1 of 1017 »

Subscribe with us